COVID-19 ကူးစက်ခံရရတဲ့ မင်းသား အဘီရှက်ဘချန်းရဲ့ဇနီး၊ မင်းသားကြီး အမီတာဘချန်းရဲ့ ချွေးမဖြစ်ပါတယ်။

ဘောလိဝုဒ်စတား မင်းသမီးနဲ့ ကမ္ဘာ့အလှမယ်ဟောင်း အက်ရှ်ဝါရာရိုင်းဘချန်းထံမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မွမ်ဘိုင်းမြို့ အာဏာပိုင်တွေက ပြောပါတယ်။

(Photo: Reuters)

အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ Zee News က ဖော်ပြမှုအရ အက်ရှ်ဝါရာရဲ့သမီး Aaradhya ဟာလည်း COVID-19 ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ မင်းသမီး အက်ရှ်ဝါရာဟာ အစောပိုင်းမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရတဲ့ မင်းသား အဘီရှက်ဘချန်းရဲ့ဇနီး၊ မင်းသားကြီး အမီတာဘချန်းရဲ့ ချွေးမလည်း ဖြစ်ပါတယ်။



မင်းသားကြီး အမီတာဘချန်းနဲ့ သားဖြစ်သူ အဘီရှက်တို့နှစ်ဦး COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိရပြီးနောက် ၎င်းတို့ရဲ့ မိသားစုတွေနဲ့ ဝန်ထမ်းတွေကို ဆေးစစ်မှုတွေ လုပ်ဆောင်နေခဲ့ရာမှ ယခုအခါ မင်းသမီးအက်ရှ်ဝါရာလည်း ကူးစက်ခံထားရကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

(Photo: Sujit Jaiswal/AFP via Getty Images)

Brihanmumbai Municipal Corporation (BMC) မှ သတင်းရင်းမြစ်တွေရ့ အဆိုအရ မင်းသမီး အက်ရှ်ဝါရာနဲ့ သမီး Aaradhya တို့ကို နေအိမ်မှာ အသွားအလာ ကန့်သတ်နေထိုင်စေခဲ့ပြီးနောက် စစ်ဆေးခဲ့ရာမှာ COVID-19 ကူးစက်ခံထားကြောင်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၄၆ နှစ်အရွယ် မင်းသမီးအက်ရှ်ဝါရာဟာ ၁၉၉၄ ခုနှစ်က ကမ္ဘာ့အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရဖူးပြီး ဘောလိဝုဒ်မှာလည်း နာမည်ကြီး မင်းသမီးတစ်ဦး ဖြစ်ပါတယ်။

သူမဟာ ၂၀၀၇ ခုနှစ်မှာ အမီတာဘချန်းရဲ့သား မင်းသားအဘီရှက်နဲ့ လက်ထပ်ခဲ့ပြီး သမီးလေးတစ်ဦးရှိပါတယ်။ အက်ရှ်ဝါရာဟာ ၂၀၀၃ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ အကဲဖြတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ပထမဆုံး အန္ဒိယမင်းသမီးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က