တရုတ်ပြက္ခဒိန်အရ။

သဉ္ဇာနွယ်ဝင်းနဲ့ စတီဗင် လှ တို့ရဲ့ သားဦးလေး ကျော်မျိုးမြင့် ကတော့ တရုတ်ပြက္ခဒိန်အရ တစ်နှစ်ပြည့်သွားပြီလို့ဆိုပါတယ်။ သဉ္ဇာနွယ်ဝင်းက ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

Photo: သဉ္ဇာနွယ်ဝင်းဖေ့စ်ဘွတ်

 

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ စတီဗင်လှ တို့ရဲ့ သားလေး မက်မွန်သီး(ခေါ်) ကျော်မျိုးမြင့် က အောက်တိုဘာလ ၂၇ ရက်နေ့မှာ တရုတ် ပြက္ခဒိန်အရ တစ်နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ သားလေး မက်မွန်သီးရဲ့ မွေးနေ့ဟာ ကွမ်ရင်မယ်တော် မွေးနေ့နဲ့ တစ်ထပ်တည်း ကျနေတယ် လို့လည်း ဆက်လက်ပြောပြလာပါတယ်။

'' ဒီနေ့က ကွမ်ရင်မယ်တော်မွေးနေ့ တဲ့။တရုတ်လိုဆိုသားလေးက ကွမ်ရင်မယ်တော်မွေးနေ့မှာမွေးလို့တစ်နှစ်ပြည့်သွားပါပြီ။ တရုတ်ပြက္ခဒိန် အရပေါ့နော်။ နောက်လ ၇ ရက်နေ့မှာတော့သားလေးမွေးနေ့ပြန်ရောက်တော့ မွေးနေ့နှစ်ခါလုပ်လို့ရတာပေါ့'' ဆိုပြီးတော့ အောက်တိုဘာလ ၂၇ ရက်နေ့ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: သဉ္ဇာနွယ်ဝင်းဖေ့စ်ဘွတ်

 

အိမ်ထောင်ကျသွားပြီးနောက် အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ သဉ္ဇာနွယ်ဝင်းဟာ အခုလက်ရှိအချိန်မှာတော့ သူမရူးသွပ်ခဲ့ရတဲ့ အနုပညာအလုပ်တွေကို အရမ်းသတိရနေပါတယ်တဲ့။တစ်ခါတလေဆိုရင် အိမ်မက်ထဲမှာတောင် ဇာတ်ကားတွေ ပြန်ရိုက်နေပြီဆိုပြီး အိမ်မက်တွေတောင် မက်နေမိတယ်လို့ ဆိုပါတယ်။

Photo: သဉ္ဇာနွယ်ဝင်းဖေ့စ်ဘွတ်

 

သမီးလေး အရမ်းလိုချင်တယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း 

ယခုလက်ရှိ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေး ပြန်လွှင်တဲ့အခါကျရင် သေချာပြန်ကြည့်ဖြစ်သလို အမှတ်ရစာလေးတွေကိုလည်း ပြန်သတိရမိတယ် ဆိုတာကို မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: သဉ္ဇာနွယ်ဝင်းဖေ့စ်ဘွတ်

 

သဉ္ဇာနွယ်ဝင်းဟာ အခုဆိုရင် မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က