ထာဝရနှောင်ကြိုး ဇာတ်ကားထဲတွင် ပါဝင်မှာပါ။

ခီဇနီးမောင်နှံတို့ ရိုက်ကူးမယ့် တတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ပိုင်ဖြိုးသုက ဝတ်မှုံဆိုတဲ့ ဇာတ်ကောင်နေ ရာနေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။



Photo : Now & Ever FB

 

ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးမယ့် "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် မင်းသမီးကို အားလုံးက စိတ်ဝင်စားနေကြတာပါ။ အခုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ဘယ်သူလည်း ဆိုတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြလိုက်ပါပြီ။

"ကဲ အရမ်းသိချင်နေသူများအတွက်" ဆိုပြီး ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ပုံလေးကို နိုဝင်ဘာ(၂၇) ရက်နေ့က တင်ပြီး ပြောလိုက်တာပါ။ ခီဇနီးမောင်နှံတို့ ရိုက်ကူးမယ့် တတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ပိုင်ဖြိုးသုက ဝတ်မှုံဆိုတဲ့ ဇာတ်ကောင်နေရာနေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo : Now & Ever FB

 

ဒါရိုက်တာ ခရစ္စတီးနားခီတို့ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားသစ်ကိုလည်း ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။ ပိုင်ဖြိုးသုရဲ့ ပရိသတ်တွေက လည်း ခရီးဇနီးမောင်နှံနဲ့ လက်တွဲပြီး အလုပ်မယ်ဆိုတဲ့ သတင်းကြောင့် ပျော်လို့ နေကြပါတယ်။ ပိုင်ဖြိုးသုဟာ လက်ရှိမှာ "မီ" ရုပ်ရှင်ဇာတ် ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ခိုင်ခိုင်မာမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။

ပိုင်ဖြိုးသု ဟာ ဆေးတက္ကသိုလ်ကျောင်းသူ ဘဝကတည်းက အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ ပါသေးတယ်။ အဲ့ဒီနောက် ပညာရေးကို ဦးစားပေးခဲ့လို့ ပရိသတ်တွေနဲ့ ခဏတာ အဆက် အသွယ် ပြတ်နေခဲ့တာပါ။ ကျောင်းပြီးသွား အချိန်မှာ အနုပညာ ပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်ဦးအဖြစ် သရုပ်ဆောင်အလုပ်ကို ပြန်လည် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

Photo : Now & Ever FB

အောင်မြင်တဲ့ဝတ္ထုတွေကို ရုပ်ရှင်ဇာတ်ကားဖန်တီးမယ့် ခရစ္စတီးနားခီ  

အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာရင်း ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပိုင်ဖြိုး သု က ဘီလူးမ၊ သရဲမနှင့် မိန်းမပျိုရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။

Photo : Now & Ever FB

 

ခရစ္စတီးနားခီရိုက်မယ့် တတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ သရုပ်ဆောင် သစ်ရွေး ချယ်ခြင်းကိုလည်း သေချာစီစဉ်ပြီး ပြုလုပ်ခဲ့သလို ယခုဆိုရင် ဇာတ်ကားရိုက်ကူးဖို့အတွက် Location တွေ ရှာဖွေနေပါပြီ။

ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က