အခုချိန်ထိ လက်တွဲမြဲနေတဲ့ သူငယ်ချင်းတွေ။

ကော်နီ၊ချောစုခင်၊ မီမီဝင်းဖေနဲ့ တင်ဇာမော်တို့ဟာ ဂီတလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်ကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။

Photo : ကော်နီ FB



ငယ်စဉ်ကတည်းက ဂီတလောကမှာ အောင်မြင်မှု ကိုယ်စီ ရရှိခဲ့ကြပြီး ခင်မင်ရင်းနှီးခဲ့တဲ့ သူတို့တွေဟာ အခုချိန်ထိ လက်တွဲမြဲနေတဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။အလုပ်တွေ မအားရင်တာတောင် ရတဲ့အချိန်လေးမှာ ဆုံဖြစ်ပြီး နားချိန်လေးတွေမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတာပါ။ ဒီနေ့မှာလည်း မအားတဲ့ ကြားထဲက သူတို့တွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး ယခုလို ပြောထားတာတွေ့ရပါတယ်။

Photo : ကော်နီ FB

ဒီရက်ထဲကျွန်မတို့ညီအမတွေအလုပ်ကိုယ်စီနဲ့, ပြေးပြေးလွှားလွှားရှိကြရတဲ့ရက်လေးတွေပါ, ညဘက်ပွဲလေးတွေရှိနေကြပေမယ့်, ပုံလေးတွေတောင်မရိုတ်ဖြစ်မတင်နိုင်ခဲ့ဘူး, အိမ်ရောက်တော့လည်းဗာဟီရများစွာနဲ့ပါ, ဒါပေမယ့်ကျွန်မတို့အချစ်မပျယ်ခဲ့ကြဘူးလို့စ်” ဆိုပြီး ကော်နီရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၇) ရက်နေ့က ရေးသားထားတာပါ။

Photo : ကော်နီ FB

ဒီနေ့ အချိန်ထိ အောင်မြင်လျှက်ရှိတဲ့ အဆိုတော် ကော်နီတစ်ယောက် တင်ဇာမော်၊ ချောစုခင်၊ မီမီဝင်းဖေ တို့နဲ့ ဆုံပြီဆိုရင် ပျော်လို့မဆုံးဘူး လို့ ဆိုပါတယ်။ သူ့အနေနဲ့ ၉ တန်းအရွယ်ကတည်းက ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာသူဖြစ်ပြီး ဂီတအလုပ်တွေ ပဲ တစိုက်မတ်မတ် ဆောင်ရွက်နေချိန်မှာ ဒီသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ဖို့ အချိန်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

'' ပေါက်ကျော်မတွေလို ဖြစ်သွားတာပေါ့။ အန်တီကော်တို့ အနေနဲ့ဆိုရင် အသက် ၅၁ ထဲရောက်နေပြီ။ငယ်ငယ်တုန်းကဆို ကိုယ့်ရဲ့ ကလေး ဘဝ၊ ပျော်ရွှင်မှု တွေကို မဖြတ်သန်းခဲ့ရဘူး။ အများအားဖြင့် အန်တီကော်တို့ အပျို ကြီးဖြစ်တာကလည်း ကိုယ်တွေကို ထိန်းချုပ်တဲ့ အမေက Over Control ပေါ့။ ဒီ သူငယ်ချင်းတွေနဲ့ ဆုံတဲ့ အချိန်မှာတော့ အရမ်းကဲတယ်လို့ ပြောကြတယ်'' လို့ ကော်နီက ပြောပါတယ်။

Photo : ကော်နီ FB

ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိခင်ရဲ့ ကျန်းမာရေးအတွက်ကိုလည်း ပြုစု စောင့်ရှောက်ပေးနေရတာကြောင့် ဂီတအလုပ်တွေ သိပ်မလုပ်ဖြစ်သေးပါဘူးတဲ့။

အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနာကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က