• Best TV Series Award ဆု ရရှိခဲ့တဲ့ ပန်းနှစ်ပွင့်စီးချင်း

ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲကတော့ Best TV Series Award ဆုကို ရရှိခဲ့ပါတယ်။

image

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best TV Series Award ဆုကိုတော့ ‘’ပန်းနှစ်ပွင့်စီးချင်း’’ ရုပ်သံဇာတ်လမ်းတွဲက ရရှိခဲ့ပါတယ်။

‘’ အခုလိုမျိုး ဒီဆုကိုရတဲ့အတွက် ဝမ်းသာမိပါတယ်။ အမြဲတမ်းကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်ခွင့်ပေးတဲ့ မိဘတွေကို ကန်တော့ပါတယ်။ အောင်ပြည်အင်တာတိန့်မန့်ကနေ ဇာတ်ကားကောင်းတွေကို ရိုက်ကူးနိုင်ဖို့ သင်ပေးခဲ့တဲ့ ဆရာတွေကို ကျေးဇူးတင်ပါတယ်။ ခင်ပွန်းဖြစ်သူ ကိုအောင်ပြည်စိုးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ၃ လကျော်ကြာအောင်ရိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်တုန်းက အရမ်းကို ပင်ပန်းကြပါတယ်။ ပါဝင်ကြတဲ့ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကောင်းမှုကြောင့် ဒီဆုကို ရရှိခဲ့တာပါ။ ပန်းနှစ်ပွင့်စီးချင်း ဇာတ်လမ်းတွဲကို ပြသခွင့်ပေးတဲ့ MRTV ကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့ Aung Pyi Entertainment ရဲ့ ထုတ်လုပ်သူ က ပြောပြလာပါတယ်။

image

ဓမ္မဝိပါလ ၊ ပျားရည်အိုင်၊ ပန်းနှစ်ပွင့်စီးချင်း၊ ပုဂံမြို့သူ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေက ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့တာပါ။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star

Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even

Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က