• သီချင်းရေးဖို့ခံစားချက်တွေ မွေးဖွားပေးတဲ့ YUFL ကို အလည်သွားခဲ့တဲ့ စိုင်းစိုင်း

သူ့ရဲ့ ပီတိတွေကို ပြောပြလာပါတယ်။

စိုင်းစိုင်းဟာ ဂီတဖန်တီးမှုတွေကို မွေးဖွားပေးခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ ဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုရတဲ့အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

image

Photo: Sai Sai Page

စိုင်းစိုင်းခမ်းလှိုင်က YUFL ရဲ့ ၅၅ နှစ်မြောက် ဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခဲ့ရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ ဒီကျောင်းဟာ သူ့အတွက် ဂီတဖန်တီးမှုတွေ မွေးဖွားခဲ့တဲ့ နေရာဖြစ်တယ်လို့ ဆိုပါတယ်။

‘’မနေ့က ကျောင်းမွေးနေ့ကိုသွားခဲ့တယ်။ ကျွန်တော် အကူအညီတောင်းလို့ ဘန်နီနဲ့ ဂျီဖက်လည်း လာရောက်ဖျော်ဖြေပေးခဲ့ပါတယ်။ YUFL ဟာ ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးခဲ့တဲ့နေရာသာမက သီချင်းတွေ အများကြီးရေးဖို့ ခံစားချက်တွေ မွေးဖွားပေးခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ မနေ့က ပျော်စရာကောင်းတဲ့ ဖျော်ဖြေပွဲ ပုံရိပ်တွေကို အမှတ်တရ မှတ်တမ်းတင်ပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီ်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

image

Photo: Sai Sai Page

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ် ၈ သန်း ကျော်ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက်လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။


Photo: Sai Sai Page

စိုင်းစိုင်းရဲ့ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

Photo: Sai Sai Page

စိုင်းစိုင်းဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ ခုနှစ်မှာ အာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzon Production မှာ ဦးဆောင်သူတစ်ဦးဖြစ်သလို SAI Cosmetic ထုတ်လုပ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က