• သီချင်းတောင်းဆိုခံရမှု အမျိုးသားဆုရ ဖြိုးမြတ်အောင်

သင့်အတွက် မနက်ဖြန် သီချင်း

သင့်အတွက် မနက်ဖြန် သီချင်းနဲ့ ဆုရရှိခဲ့တဲ့ ဖြိုးမြတ်အောင်။

image

Shwe FM ရဲ့ ၁၀နှစ်ပြည့် ဂီတဆုချီးမြှင့်ပွဲမှာတော့ ရွှေလေလှိုင်းမှတဆင့် သီချင်းတောင်းဆိုမှု အများဆုံးဆုကိုတော့ အဆိုတော် ဖြိုးမြတ်အောင် က ဆုကို ရရှိသွားပြီဖြစ်ပါတယ်။ သူကတော့ သင့်အတွက် မနက်ဖြန် သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

‘’ဒီဆုကို ရရှိအောင် သီချင်းရေးပေးတဲ့ ဆရာကိုလည်း ကျေးဇူးတင်ပါတယ်။ ဆုရရှိအောင် သီချင်းတောင်းပေးကြတဲ့ We Love တွေကိုလည်း ကျေးဇူးတင်ပါတယ်’’ လို့ ဆိုပါတယ်။ဖြိုးမြတ်အောင်က လက်ရှိမှာ ပရဟိတအလုပ်တွေလုပ်ရင်း ပရိသတ်တွေအတွက် သီချင်းသစ်တွေ နားဆင်နိုင်ဖို့အတွက် ပြင်ဆင်နေတာ တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

image

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။

Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။

Share

Duwun on Youtube
>
Loading Next Article...
က္က