• ကံကောင်းမှန်း မသိအောင် ကံကောင်းခဲ့ဖူးတယ်ဆိုတဲ့ သျှားထွဋ်အိန္ဒြာ

နာမည်ကျော်ကြားသူတွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အမှတ်တရကို ပြောပြလာပါတယ်။

သျှားထွဋ်အိန္ဒြာက အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်၊ မြန်မာနိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာမကြီး ပတ္တမြားခင်၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Miss Universe Myanmar 1959 ဒေါ်သန်းသန်းအေးတို့နဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရကို ပြောပြထားပါတယ်။


image

Photo: Shar Htut Eaindra

သျှားထွဋ်အိန္ဒြာက နာမည်ကျော်ကြားသူတွေနဲ့ ဆုံဆည်းခဲ့ရတဲ့ သူမရဲ့ အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာပါတယ်။ သူမဟာ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့်၊ မြန်မာနိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာမကြီး ပတ္တမြားခင်၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Miss Universe Myanmar 1959 ဒေါ်သန်းသန်းအေးတို့နဲ့ တစ်ရင်းတနှီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။


‘’တကယ်တော့ ကိုယ်က အလွန်ကံကောင်းမှန်းမသိ ကံကောင်းခဲ့ဖူးပါတယ်။ တကယ့်အောင်မြင်ကျော်ကြား ပြီးတွေ့ရဆုံရခက်ခဲတဲ့ သူတွေနဲ့ဆုံခဲ့ဖူးတယ်။ ရင်နှီးခဲ့ဖူးတယ်’’ ဆိုပြီးတော့ မေလ ၃ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေလည်းတင်ခဲ့ပါတယ်။

image

Photo: Shar Htut Eaindra

သျှားထွဋ်အိန္ဒြာက လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်နေတာ တွေ့ရပါတယ်။ သူမရဲ့ အချစ်ရေးက အခုချိန်မှာ ငယ်ချစ်ဦးနဲ့ ပြန်လက်တွဲနေပြီလို့ ဆိုပါတယ်။ ငယ်သူငယ်ချင်း လည်း ဖြစ်တာကြောင့် အဆင်ပြေတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။

‘’အချစ်သစ်တော့မဟုတ်ဘူးပေါ့နော်။ သူက သျှားရဲ့ ငယ်ချစ်ဦးလို့ပြောလို့ရတယ်။ သူနဲ့ပြန်ပြီးတော့အဆင်ပြေသွားတယ်။ သူနဲ့ကလည်း အမုန်းတရားနဲ့ လမ်းခွဲခဲ့တာမဟုတ်တဲ့ အတွက်ကြောင့်ရော၊ ငယ်သူငယ်ချင်းလည်း ဖြစ်နေတဲ့အခါကျတော့ အများကြီး ညှိစရာမလိုဘူးပေါ့’’ လို့ သူကဆိုပါတယ်။


Photo: Shar Htut Eaindra

ျှားထွဋ်အိန္ဒြာ ဟာ Miss Universe Myanmar 2014 ရရှိထားတဲ့ အလှမယ်လေး တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးနေရတာဖြစ်ပါတယ်။ သူမဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်တာကြောင့်လည်း မကြာခဏ သူငယ်ချင်းတွေနဲ့ အတူ ခရီးတွေ သွားနေတာ တွေ့ရပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က