• ပျားရည်အိုင်ရုပ်သံဇာတ်လမ်းတွဲနဲ့ Best TV Series Actress Award ဆုရှင် မေမီကိုကို

ကျေးဇူးတင်စကားတွေပြောလာပါတယ်။

Best TV Series Actress Award ဆုကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးချောလေး မေမီကိုကို ကရရှိခဲ့ပါတယ်။

image

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best TV Series Actress Award ဆုကိုတော့ ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲ နဲ့ မေမီကိုကိုက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

‘’ အရမ်းဝမ်းသာပါတယ်။ မေမီ့ကို အနုပညာသက်တမ်းတစ်လျှောက်မှာ သင်ဆရာ၊ မြင်ဆရာတွေကို ကျေးဇူးတင်ပါတယ်။ မြိုင် ဆိုတဲ့ဇာတ်ရုပ်ကို မြေတောင်မြှောက်ပေးခဲ့တဲ့ Forever Group ကို ကျေးဇူးတင်ပါတယ်။ ပျားရည်အိုင်ဇာတ်ကားကို ရိုက်ကူးထုတ်လွှင့်ပေးတဲ့ ဦးသိန်းထွန်းအောင်နဲ့ မမိုင် တို့ကို ကျေးဇူးတင်ပါတယ်။ မြိုင် ဆိုတာဖြစ်လာအောင် ဆရာဦးဟိန်းစိုးကို ကျေးဇူးတင်ပါတယ်။ Star Awards ပေးကြသူတွေကိုကျေးဇူးတင်ပါတယ်။ ပျားရည်အိုင် တစ်ဖွဲ့လုံးကို ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းကို ရေးသားထားတဲ့ ဆရာမကြီး ခင်နှင်းယုကို ကျေးဇူးတင်ပါတယ်။'' လို့ သူကဆိုပါတယ်။

image

အရိပ် ၊ ပျားရည်အိုင်၊ ပန်းနှစ်ပွင့်စီးချင်း၊ ပုဂံမြို့သူ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေက ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့တာပါ။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star

Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even

Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က