• Featured

    ပရိသတ်အားပေးမှု (၂) သန်းကျော်သွားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ " ဖြစ်ရပ်မှန်"သီချင်း

(၄) ရက်အတွင်းမှာ ပြည့်ခဲ့တာ ဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်း ကတော့ သူမရဲ့ သီချင်းအသစ်လေးကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကြောင့် အရမ်းပျော်နေပါတယ်တဲ့။ 

image

အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ သီချင်း အသစ်လေး တစ်ပုဒ်ဖြစ်တဲ့ " ဖြစ်ရပ်မှန်" သီချင်းဟာ (၄) ရက်အတွင်းမှာ အားပေးတဲ့ ပရိသတ်ပေါင်း (၂) သန်းကျော်သွားခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်း ကိုယ်တိုင်ကလည်း အရမ်းပျော်နေမိပါတယ်တဲ့။

" ဖြစ်ရပ်မှန် lyrics videoလေး Viewers 2 သန်းကျော်သွားတာ တွေ့ရလို့ အရမ်းပျော်ရပါတယ်။  ကြည့်ရှု့အားပေးကြတဲ့ ချစ်ဆုံးတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ နောင်လည်း ဝိုင်းစုကို ဒီလိုပဲ ဆက်ချစ်ပေးပါနော် လို့။ I love you all....... Arrrrr Bwarrrrr" ဆိုပြီးတော့ ဇူလိုင် ၄ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ သူမရဲ့ " ဖြစ်ရပ်မှန်" သီချင်းကို အားပေးတဲ့ ပရိသတ်ပေါင်း (၂.၁) မီလီယံ ဖြစ်လို့နေပါတယ်။ 

Photo: Tay Than Thar

" ဖြစ်ရပ်မှန်" သီချင်းကိုတော့ ဇွန်လ ၂၉ ရက်နေ့ ညနေ (၄) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ်နဲ့ မိတ်ဆကက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းကို တေးရေးဆရာ၊ အဆိုတော် ဝေကြီးက ရေးဖွဲ့ပေးထားတာပါ။ သီချင်း အမျိုးအစားကတော့ အချစ်သီချင်းလေး တစ်ပုဒ်ဖြစ်ပြီး အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ခံစားချက်တွေကို သီချင်းလေးထဲမှာ ထည့်သွင်းရေးသားထားတဲ့ ပုံစံပါ။ 

Photo: Thay Than Thar

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က