မန္တလေးကို ရောက်ရှိနေကြပါတယ်။

စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင် တို့ ညီအစ်မ နှစ်ယောက် က မန္တလေးကို ရောက်ရှိနေကြပါတယ်။ နှစ်ယောက်စလုံးကလည်း ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေးတွေပါ။

Photo: Soe Pyae Thazin



ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေဖြစ်တဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင်တို့ကတော့ ပျော်စရာကောင်းတဲ့ ခရီးလေးထွက်နေတာ တွေ့ရပါတယ်။ သူမတို့ ညီအစ်မ နှစ်ယောက်ကတော့ မန္တလေးကို ရောက်ရှိနေတာပါတဲ့။

‘’ခရီးသွားခြင်း အနုပညာ’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၁၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင်တို့ ညီအစ်မ နှစ်ယောက်ရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် စိုးပြည့်သဇင်ကလည်း ညီအစ်မ နှစ်ယောက် မန္တလေးကို ရောက်နေကြတယ်လို့ ဆိုပါတယ်။ ‘’မင်းသမီးပိုးထည်တိုက်ရဲ့ ယောလုံချည်လေး တွေနဲ့ညီမနှစ်ယောက် မန္တလာမြေသို့’’ ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့ ည ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Soe Pyae Thazin

စိုးမြတ်နန္ဒာနဲ့ စိုးပြည့်သဇင်တို့ ညီအစ်မ နှစ်ယောက်ဟာ ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုးမြတ်နန္ဒာဟာ အနုပညာအလုပ်တွေ မလုပ်တော့တာဖြစ်ပါတယ်။ သူမဟာ ညီအစ်မ ၄ ယောက်ပေါင်းပြီးဖွင့်လှစ်ထားတဲ့ ‘’မင်းသမီး ပိုးထည်တိုက်’’ မှာလည်း ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ လက်ရှိမှာ မြန်မာစာ နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်လာတာ တွေ့ရပါတယ်။သူမရဲ့ သီချင်းအသစ်လေးကိုလည်း ပရိသတ်တွေ နားထောင်ရတော့မယ်လို့ ဆိုပါတယ်။

Photo: Soe Pyae Thazin

စိုးမြတ်နန္ဒာကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း အများကြီးရိုက်ကူးထား သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တခါက သူမရဲ့ Hair Style ၊ Fashion တွေဟာ အရမ်းကို ခေတ်စားခဲ့တာပါ။ အကယ်ဒမီ စိုးမြတ်သူဇာရဲ့ ညီမအရင်းဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့တာဖြစ်ပါတယ်။

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ကိုတော့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ရဲ့ ညီမဝမ်းကွဲလေးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒါပေမယ့် သူမလေးကတော့ သရုပ်ဆောင်မှာသာ မက ဂီတဘက်မှာလည်း ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ‘’မိုးညအိပ်မက်မြူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် ဇာတ်ပို့ အကယ်ဒမီဆုကို ရရှိခဲ့သူပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က