အခြားအနုပညာရှင်များလည်း ပါဝင်ပါသေးတယ်။

ရေအကျိုးတော်ဆောင် တစ်ဦးအဖြစ် ေရအခက်အခဲဖြစ်နေတဲ့ ဒေသတွေကို ရေတွင်း၊ ရေကန်တွေ တူးဖော် လှူဒါန်းလျှက်ရှိတဲ့ သရုပ်ဆောင် ခင်လှိုင်က ဒီဇင်ဘာ(၂၆) ရက်နေ့က တတိယအကြိမ် ရေတွင်းအလှူအဖြစ် ချောက်မြို့ မန်ကျည်းကုန်းကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

Photo : ခင်လှိုင် FB



သရုပ်ဆောင်ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ဦးဖြစ်ပါတယ်။ဇာတ်ကားရိုက်ကွင်း ပြီးတိုင်းမှာလည်း ပံ့ပိုးပေးခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို မကြာခဏ အလှူအတန်းပြုလုပ်လေ့ရှိပါတယ်။ အဲ့ဒီနောက် ရေလိုအပ်တဲ့ ကျေးရွာတွေ အတွက် ကိုလည်း ရေအကျိုးတော်ဆောင် တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Photo : ခင်လှိုင် FB

ဒီနေ့(ဒီဇင်ဘာ၂၆ရက်)မှာလည်း ခင်လှိုင်ဦးစီးတဲ့ တတိယမြောက် စက်ရေးတွင်း လှူဒါန်းပွဲ အခမ်းအနားကို ချောက်မြို့ မန်ကျည်းကုန်းကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ ကျွန်တော်တို့ ရေကုသိုလ်အကျိုးတော်ဆောင်အသင်းရဲ့ တတိယအကြိမ်မြောက် စက်ရေတွင်း ရေစင် ရေစက် မီးစက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ချောက်မြို့မန်ကျည်းကုန်းကျေးရွာတွင်အောင်မြင်စွာလှူဒါန်းခဲ့ပါသည် ရေကုသိုလ်ရှင်အပေါင်းတို့အားသာဓုအနုမောဓနာခေါ်ဆိုနိုင်ပါသည်” ဆိုပြီး ခင်လှိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ခင်လှိုင် FB

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo : ခင်လှိုင် FB

ခင်လှိုင့်ကိုတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က