သြစတေးလျနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေပါတယ်။

ယွန်းဝတီလွင်မိုးကတော့ အနုပညာနဲ့ စီးပွားရေးအလုပ်တွေကို တွဲဖက်လုပ်ကိုင်ဖို့ အတွက် သက်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာသင်ကြားနေတယ်လို့ ဆိုပါတယ်။ 

Photo: Yunn Waddy Lwin Moe



ယွန်းဝတီလွင်မိုးဟာ လက်ရှိမှာတော့ သြစတေးလျနိုင်ငံ၊ မဲဘုန်းမြို့က တက္ကသိုလ်မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ တက္ကသိုလ်မှာ ဘွဲ့ရပြီးရင် သူမ ရည်ရွယ်ထားတဲ့ စီးပွားရေးတွေ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ 

“ ခေးက အခု University of Melbourne မှာ Bachelor တက်နေတာပါ။ ခေးရဲ့ major က media & communication ပါ။ minor လည်း ယူထားပါတယ်။ အနုပညာနဲ့ ပတ်သက်တာတွေ ပဲ သင်ကြားနေတာပါ။ ပြီးတော့ Maketing & Digital Marketing အခန်း ဆိုတဲ့ ဘာသာရပ်တွေလည်း လေ့လာနေပါတယ်။ ခေး ဘွဲ့ယူပြီးတာနဲ့ စီစဉ်ထားတာလေးတွေရှိပါတယ်။ အနုပညာအလုပ်နဲ့ပဲ တွဲပြီး လုပ်လို့ရမယ့် လုပ်ငန်းတစ်ခုကို စပြီးတော့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်တည်းဖြစ်ဖြစ် စလုပ်ဖို့ စီစဉ်ထားပါတယ်” ဆိုပြီးတော့ သြဂုတ်လ ၁၃ ရက်နေ့ ည သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေတဆင့် Live လွှင့်ရင်း ပြောသွားခဲ့တာပါ။ 

Photo: Yunn Waddy Lwin Moe

ယွန်းဝတီလွင်မိုးရဲ့ Facebook Live မှာ သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း အနုပညာအလုပ်တွေ လုပ်စေချင်တဲ့အကြောင်း Comment တွေ ပေးထားခဲ့ကြပါတယ်။ ယွန်းဝတီလွင်မိုးကိုယ်တိုင်ကလည်း သူမနဲ့ လိုက်ဖက်တဲ့ ကာရိုက်တာမျိုး အခွင့်အရေးရလာရင်တော့ လက်ခံရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ 

“ စီးပွားရေးအလုပ်ကို မစခင်မှာ ရုပ်ရှင်အပိုင်းနဲ့ ပတ်သက်ပြီး ရိုက်ဖို့ အခွင့်အရေးတွေ ရလာရင် ၊ ပြီးတော့ သရုပ်ဆောင်ရမယ့် ကာရိုက်တာက ခေးနဲ့ လိုက်ဖက်တယ်ဆိုရင်၊ အဆင်ပြေတယ် ဆိုရင်တော့ ရိုက်ဖြစ်ပါမယ်။ မဖွေးတို့နဲ့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက ဘယ်တော့ ထွက်မလဲဆိုတာကလည်း အခုလို Covid ကြီးနဲ့ ကျတော့ ဘာမှ ခန့်မှန်းလို့ မရဘူး။ ဒီဇာတ်ကားမှာ အရမ်းကြိုးစားထားတယ်။ မဖွေး တို့နဲ့ရိုက်ရတာ တကယ်မလွယ်ပါဘူး။ Pressure လည်း အရမ်းများတယ်။ အားလုံးကလည်း ဝိုင်းပြီးတော့ ကူညီပေးကြလို့ ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် လူတွေ အများကြီး မြင်မှာဆိုတော့ စိတ်လည်းပူတယ်၊ ကြောက်လည်း ကြောက်မိတယ်။ ရန်ကုန်ကို သေချာပေါက် ပြန်ရောက်ပြီဆိုတာနဲ့ Fan Meeting တွေရော၊ Give Away တွေရော အကုန်လုပ်မှာပါ" လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Yunn Waddy Lwin Moe

ယွန်းဝတီလွင်မိုးကိုတော့ အကယ်ဒမီသရုပ်ဆောင် လွင်မိုးရဲ့ သမီးအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေ လုပ်ခဲ့တာကြောင့်လည်း ပရိသတ်အခိုင်အမာရရှိပြီးသား မင်းသမီးချောလေးဖြစ်ပါတယ်။ သူမကတော့ အခုဆိုရင် အသက် ၂၁ နှစ်ကျော်လာပါပြီ။ ယွန်းဝတီလွင်မိုးက ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်ဦးတည်းသော သားလေး မောင်လွင်ထက်ကို ပိုင်ဆိုင်ထားပါပြီ။ ဇနီးမောင်နှံ နှစ်ယောက်စလုံးကတော့ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာနေထိုင်ပြီး သားလေး မောင်လွင်ထက်ကတော့ မြန်မာပြည်က အဘိုးလွင်မိုး၊ အဘွား မေသူတို့နဲ့အတူတူနေထိုင်တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က