ဘာဆိုင်လေးတွေများ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်။

ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်နေတဲ့ Duwun Food Carnival မှာဆိုရင် ဆိုင်ခန်းပေါင်း (၁၀၀) ကျော် ပါဝင်ပြီးတော့ အစားအသောက်မျိုးစုံ၊ အရသာမျိုးစုံကို တစ်နေရာထဲမှာ စုံစုံလင်လင်မြည်းစမ်းခွင့် ရမှာလည်းဖြစ်ပါတယ်။ စနေ ၊ တနင်္ဂနွေ နှစ်ရက် ကျင်းပတာဖြစ်ပြီးတော့ ဒီနေ့မှာဆိုရင်တော့ ညနေပိုင်း အစီအစဉ်တွေအဖြစ် ဆက်လက်ကျင်းပနေတာလည်း ဖြစ်ပါတယ်။ အားလပ်ရက်မှာ အပန်းဖြေရင်းနဲ့ Duwun Food Carnival မှာ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ရင်းနဲ့ လာရောက်ဖြစ်ခဲ့ရင် မဖြစ်မနေ သွားရောက်စားသောက်သင့်တဲ့ ဆိုင်လေးတွေကိုလည်း ညွှန်းဆိုချင်ပါတယ်။ ဘာဆိုင်လေးတွေများ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်။

၁။ Maggi

27496260_1547444798635876_1787846641_n.jpg 

Maggi (မက်ဂီ) ကတော့ Nestle ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး အကောင်းဆုံးပဲပုပ်စေ့များမှ အချိုဓာတ်ရအောင်ထုတ်လုပ်ထားတဲ့ MAGGI ပဲငံပြာရည်နဲ့ ကမာကောင်စစ်စစ်များမှ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ MAGGI ခရုဆီဆိုပြီး အဓိကထုတ်ကုန် (၂) မျိုးရှိပါတယ်။ အိမ်ရှင်မတိုင်းအတွက်တော့ ချက်သမျှဟင်းတိုင်းကို အချိုအငန်နဲ့ အရောင်မျှတမှုရှိအောင် Maggi မှ ကူညီပေးပါလိမ့်မယ်။ ဒီနေ့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်တဲ့ Duwun Food Carnial (2018) ပွဲမှာတော့ Maggi မှာ Main sponsor အဖြစ် ပါဝင်ထားပြီး မိသားစုတိုင်းအတွက် ပျော်ရွှင်စရာ မိသားစုဟင်းချက်ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်နေလို့ မဖြစ်မနေသွားရောက်သင့်ပါတယ်နော်။

၂။ Charcoal lix ရေခဲမုန့်

 

Charcoal Lix ရေခဲမုန့်ကတော့ Duwun Food Carnival ရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ။ အမဲရောင်ရေခဲမုန့်ကတော့ခွက်မှာ အမဲရောင်ရေခဲမုန့်လေးတွေတင်ထားတဲ့ Charcoal Vanilla ရေခဲမုန့်ကိုပဲ စားမလား။ လက်ဖက်စိမ်းအရသာနဲ့ Matcha Mint ရေခဲမုန့်ကိုပဲ မြည်းစမ်းမလား။ ဒါမှမဟုတ် အရသာ (၂) မျိုးလုံးကို ရောယှက်ပြီးစားမလား။ မိမိစိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ ကတော့ခွက်ထဲမှာ corn flake (ပြောင်းဖူးမုန့်) လေးတွေကိုပါ ထည့်ပေးထားတဲ့အတွက် အပေါ်ကရေခဲမုန့် ကုန်သွားရင်တောင် ကတော့ခွက်ထဲမှာ ရေခဲမုန့်အရသာလေးနဲ့ ရောယှက်နေတဲ့ corn flake (ပြောင်းဖူးမုန့်) လေးတွေကို စားသုံးနိုင်ပါတယ်။ Duwun Food Carnival (2018) ပွဲကို ရောက်သူတိုင်း မဖြစ်မနေ သွားရောက်သင့်တဲ့ ဆိုင်လေးတစ်ခုပါ။ ကတော့ခွက်နဲ့ ထည့်စားမယ်ဆိုရင် (၄၅၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး ပလတ်စတစ်ခွက်နဲ့ ထည့်စားမယ်ဆိုရင်တော့ (၃၅၀၀) ကျပ် ကျသင့်မှာပါ။ ကလေးတွေ ခွက်အကြီးကို မကုန်မှာစိုးရင်တော့ ခွက်အသေးကို (၂၅၀၀) ကျပ်နဲ့ ဝယ်ကျွေးနိုင်ပါသေးတယ်နော်။

၃။ Chilli ယိုးဒယားအစားအစာမျိုးစုံ

 

ယိုးဒယားသင်္ဘောသီးထောင်းရယ်၊ အကင်မျိုးစုံရယ်၊ ပင်လယ်စာမျိုးစုံရယ်ကို တစ်နေရာတည်းမှ စုံစုံလင်လင်နဲ့ စားသုံးလို့ရမှာနော်။ ဒါ့အပြင် သစ်ပိုးကောင်ကြော်လေးတွေလည်း ရရှိနိုင်ပြီးတော့ ထူးထူးဆန်းဆန်းကိုမှ စားချင်တဲ့သူတွေအတွက်တော့ သင့်တော်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။ သန့်ရှင်းလတ်ဆတ်ပြီး အရသာပြည့်ပြည့်၀၀နဲ့ စားသုံးနိုင်တဲ့ ဆိုင်လေးဖြစ်တာမို့ Duwun Food Carnival ကို လာခဲ့ရင် သွားရောက်စားသုံးသင့်တဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ ယိုးဒယားအစားအစာဆိုရင် အသံကြားတာနဲ့ စားချင်စိတ် မရိုးမရွဖြစ်တတ်တဲ့ ဘော်ဒါတွေအတွက်တော့ ဆိုင်ရဲ့ အခင်းအကျင်းကို မြင်တာနဲ့တင် ဝင်စားကြည့်ဖို့ နှစ်ခါတောင် စဉ်းစားနေမိမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့လို့ DFC ပွဲကို လာရောက်တဲ့အခါ သွားရောက်မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

၄။ ခိုလှုံရာပရဟိတ မုန့်ဟင်းခါး

27399453_1547444741969215_1874543627_n.jpg 

ဒီဆိုင်လေးကတော့ ပရဟိတအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်လေးပါပဲ။ မုန့်ဟင်းခါးလည်းစားရင်း ကုသိုလ်လည်း ပါဝင်ယူလို့ရအောင် ဖွင့်လှစ်ထားတာမို့လို့ ရည်ရွယ်ချက်ကောင်းတဲ့ ဆိုင်လေးပါပဲ။ လာရောက်အားပေးသူတိုင်းကိုလည်း စေတနာအပြည့်အဝနဲ့ ရောင်းချပေးနေတာဖြစ်တဲ့အတွက် အစားစားရင်း ကုသိုလ်ယူလိုက်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ရောင်းချလို့ရတဲ့ အမြတ်အစွန်းတွေကို ပရဟိတလုပ်ငန်းတွေအတွက် ပြန်လည်ပြီး အသုံးပြုမှာဖြစ်တဲ့အတွက်လည်း Duwun Food Carnival ရဲ့ ဆိုင်ခန်းတွေ အများကြီးထဲကမှ တမူထူးခြားတဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။ မုန့်ဟင်းခါးတစ်ပွဲကို (၁၀၀၀) ကျပ်နှုန်းနဲ့ ရောင်းချပေးနေပြီး အနံ့သင်းသင်းမွှေးမွှေးလေးလည်း အရသာရှိရှိစားသုံးရင်း ကုသိုလ်ပြုလိုက်ကြဖို့ နှိုးဆော်ချင်ပါသေးတယ်။

၅။ တင့်တင့် မြန်မာမုန့်မျိုးစုံ

 

မြန်မာမုန့်မျိုးစုံလို့ ဆိုတဲ့အတိုင်းပါပဲ တကယ့်ကို စုံလင်ပါတယ်။ ကျောက်ကျော၊ ဆနွင်းမကင်း၊ ထန်းသီးမုန့်၊ ပြာရည်ထုပ်အစရှိတဲ့ မြန်မာ့ရိုးရာမုန့်မျိုးစုံကို ဝယ်ယူစားသုံးလို့ရပါတယ်။ သန့်ရှင်းမှုကို ဦးစားပေးဆောင်ရွက်ထားသလို မုန့်အရသာကိုလည်း လျော့ပါးခြင်းမရှိအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် Duwn Food Carnival ကို လာရောက်ရင် သွားရောက်မြည်းစမ်းကြည့်သင့်တဲ့ ဆိုင်တစ်ဆိုင်လို့ ပြောပါရစေ။ ဘယ်တော့မှ ရိုးအီမသွားတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ရိုးရာမုန့်လေးတွေကို စားသုံးပြီးတော့ DFC ပွဲတော်အတွင်း လည်ပတ်ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ မြန်မာ့ရိုးရာမုန့်တွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ အရသာပရိသတ်ကြီးအတွက်တော့ တင့်တင့် မြန်မာမုန့်မျိုးစုံဆိုင်က အသင့်တော်ဆုံးပါပဲ။

Share

Loading Next Article...
က္က