ပြည်ပခရီးသွားများလာရောက်ခွင့် ပိတ်ပင်ထားခဲ့ရာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို သိသာစွာ ထိခိုက်နစ်နာစေခဲ့ပါတယ်။

ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွားတွေကို ပထမဆုံးအကြိမ် ပြန်လည်လာ‌ရောက်ခွင့်ပြုမှုအဖြစ် လာမယ့်သီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ လေကြောင်းခရီးစဥ်တစ်ခု ရောက်ရှိလာမယ်လို့ သိရပါတယ်။

၁၄ ရက်ကြာ ကွာရန်တင်း နေရပါမယ်


(Photo: MediaCorp/CNA)

COVID-19 ထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ထားခဲ့ရာမှ နိုင်ငံရဲ့ အရေးပါတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ တဖြည်းဖြည်း ပြန်လည်စတင်ခြင်းဖြစ်ကြောင်း အကြီးတန်း အစိုးရအရာရှိတစ်ဦးက ယနေ့ (စက်တင်ဘာ ၂၉ ရက်) ပြောပါတယ်။ တရုတ်နိုင်ငံ ဂွမ်ဇူးပြည်နယ် (Guangzhou) မှ ခရီးသွား ၁၂၀ ခန့် လိုက်ပါလာမယ့် လေယာဥ်ဟာ ဖူးခက်ကျွန်းသို့ တိုက်ရိုက်ပျံသန်း ရောက်ရှိလာမယ်လို့ Tourism Authority of Thailand အကြီးအကဲ Yuthasak Supasorn က Reuters သတင်းဌာနကို ပြောပါတယ်။

ဝင်ရောက်မှုတွေကို ကန့်သတ်ပြီးတော့ လက်ကောက်ဝတ်အပတ်တွေ၊ အက်ပလီကေးရှင်းတွေနဲ့ ခြေရာခံလိုက်ဖို့ စီမံဆောင်ရွက်သွားမှာပါ

ထိုင်းနိုင်ငံဟာ COVID-19 ကူးစက်မှုကို ၃,၅၅၉ ဦးနဲ့ သေဆုံးသူ ၅၉ ဦးနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ဧပြီလကတည်းက ပြည်ပခရီးသွားများလာရောက်ခွင့် ပိတ်ပင်ထားခဲ့ရာ စီးပွားရေးကို သိသာစွာ ထိခိုက်နစ်နာစေခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဝင်ငွေ အရေးပါလှတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ယခုနှစ်မှာ ၈.၅ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

(Photo: Reuters)

ပြည်ပခရီးသွားတွေ ပြန်လည်ခွင့်ပြုတဲ့ ပထမလအတွင်း ခရီးသွား ၁,၂၀၀ လာရောက်နိုင်ပြီး ဝင်ငွေအားဖြင့် ဘတ်ငွေ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၁.၅၅ သန်း) ရရှိနိုင်ကြောင်းနဲ့ တစ်နှစ်အတွင်း ခရီးသွား ၁၄,၄၀၀ လာရောက်ပြီး ဘတ်ငွေ ၁၂.၄ ဘီလီယံရရှိနိုင်ကြောင်း ထိုင်းအစိုးရပြောခွင့်ရအမျိုးသမီး Traisulee Traisoranakul က ခန့်မှန်းပြောကြားပါတယ်။ COVID-19 ကူးစက်မှုအန္တရာယ်နည်းတဲ့ နိုင်ငံများမှ ခရီးသွားတွေကို အစိုးရက ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ နိုင်ငံကိုဖွင့်ပေးလိုက်တာ မဟုတ်ပါဘူး၊ နိုင်ငံအတွင်း ဝင်ရောက်မှုတွေကို ကန့်သတ်ပြီးတော့ လက်ကောက်ဝတ်အပတ်တွေ၊ အက်ပလီကေးရှင်းတွေ (apps) နဲ့ သူတို့ကို ခြေရာခံလိုက်ဖို့ စီမံဆောင်ရွက်သွားမှာပါ" လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Reuters)

COVID-19 ဂယက်ကြောင့် နိုင်ငံသို့လာရောက်တဲ့ ပြည်ပခရီးသွား အရေအတွက်ဟာ ယခုနှစ်မှာ ၆.၇ သန်းသာရှိနိုင်ကြောင်း ထိုင်းအစိုးရက ခန့်မှန်ထားပြီး ၂၀၁၉ ခုနှစ်မှာတော့ ၃၉.၈ သန်း စံချိန်တင် ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်ပခရီးသွားတွေရဲ့ ငွေသုံးစွဲမှုဟာ ထိုင်း GDP ရဲ့ ၁၁.၄ ရာခိုင်နှုန်း သို့မဟုတ် ဘတ်ငွေ ၁.၉၃ ထရီလီယံဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ ဇန်နဝါရီလအတွင်း ဝူဟန်မှလာရောက်သူတစ်ဦးထံ COVID-19 ကူးစက်မှု စတင်တွေ့ခဲ့ရပြီး တရုတ်ပြည်မကြီးပြင်ပမှာ ကူးစက်မှုတွေ့ရတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ကစပြီး ပြည်ပခရီးသွားတွေဟာ ရက်ရှည်နေထိုင်မှု ဗီဇာရရှိမှာပါ

(Photo: MediaCorp/CNA)

"အောက်တိုဘာ ၈ ရက်နေ့ကစပြီး ပြည်ပခရီးသွားတွေဟာ ရက်ရှည်နေထိုင်မှု ဗီဇာရရှိမှာဖြစ်ပြီး ၁၄ ရက်ကြာ သီးခြားခွဲထား စောင့်ကြည့်မှု (ကွာရန်တင်း - quarantine)အောက်မှာ နေရပါမယ်" လို့ Tourism Authority of Thailand အကြီးအကဲ Yuthasak က ပြောပါတယ်။ ထိုင်းကိုလာ‌ရောက်တဲ့ ပြည်ပခရီးသွားတွေဟာ ကျန်းမာရေးအာမခံနဲ့ ခရီးမထွက်မီ ၇၂ နာရီအကြာမှ စစ်ဆေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးမှုရလဒ် လိုအပ်ကြောင်းနဲ့ ကွာရန်တင်းထားရှိစဥ်အတွင်း နှစ်ကြိမ် စစ်ဆေးမှုခံယူရမယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က