နေရာသုံးခုမှာ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ငွေကြေး ကျပ်သိန်းပေါင်းများစွာ လိမ်လည်မှုကြောင့် တရားစွဲခံရထားတဲ့ ယောဂီဝတ် ဒေါ်နန္ဒမာလာရဲ့ အာမခံလျောက်ထားမှုကို ဇန်နဝါရီလ ၁၅ရက်နေ့မှာ လှိုင်မြို့နယ်တရားရုံးက လက်ခံပေးလိုက်ပါတယ်။

လူတချို့ဆီကနေ ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော် လိမ်လည်မှုနဲ့ ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့က လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး အာမခံကို တရားရုံးက မပေးခဲ့ပေမယ့် ဒီနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာတော့ ကျပ်သိန်းတစ်သောင်းနဲ့ အာမခံပေးလိုက်ပါတယ်။

ဒီနေ့မှာတော့ အာမခံငွေ ကျပ်သိန်း ၁၀၀ သာပါတာကြောင့် ချုပ်ထားဦးမှာ ဖြစ်ပြီး နောက်ထပ် ရုံးချိန်းကိုတော့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်

ယောဂီဝတ် ဒေါ်နန္ဒမာလာဟာ လှိုင်မြို့နယ်ရဲစခန်း၊ မင်္ဂလာဒုံရဲစခန်းနဲ့ မဟာအောင်မြေရဲစခန်းမှာ တရားခံပြေးအဖြစ် ဝရမ်းထုတ်ထားခြင်းခံရသူလည်း ဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က ဒေါ်နန္ဒမာလာအား မန္တလေးမြို့ မဟာအောင်မြေတရားရုံးမှာ ရုံးထုတ်ခဲ့ပြီး အာမခံပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က