• Featured

    သင်္ကြန်ပိတ်ရက်ကာလမှာ YBS ယာဉ်အစီးရေ (၁၀၀၀)ကျော်ပြေးဆွဲပေးမည်

(၁၀၈၆)ကိုအလှည့်ကျပြေးဆွဲပေးမှာပါ။

သင်္ကြန်ပိတ်ရက်ကာလအတွင်းမှာ ပြေးဆွဲမယ့် ယာဉ်လိုင်း (၈၃)လိုင်းက ယာဉ်အစီးရေးတစ်ထောင်ကျော်ပြေးဆွဲမှုရဲ့ CNG သဘာဝဓာတ်ငွေ့ဖြည့်တင်းမှုစရိတ်ကိုတော့ YRTA မှ အကုန်ကျခံစိုက်ထုတ်ပေးမှာဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

သင်္ကြန်ပိတ်ရက်ကာလဖြစ်တဲ့ ဧပြီလ(၁၀)နေ့ကနေ (၁၉)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဖြစ်မနေသွားလာရမယ့် ပြည်သူတွေအတွက် အဆင်ပြေအောင် YBSယာဉ်လိုင်း(၈၃)လိုင်းက ယာဉ်အစီးရေ (၁၀၀၀)ကျော်ပြေးဆွဲပေးမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ သိရပါတယ်။ 

ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေအနေနဲ့ကလည်း ခရီသည်သွားလာမှုပေါ်မူတည်ပြေးဆွဲပေးမှာဖြစ်ပြီးတော့ ယာဉ်အားလုံးပြေးဆွဲမှုရဲ့ CNG သဘာဝဓာတ်ငွေ့ ဖြည့်တင်းမှုစရိတ်ကိုတော့ ကုမ္ပဏီတွေအစား YRTA က အကုန်ကျခံသွားမှာဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Duwun ကိုပြောပါတယ်။ 

“ သင်္ကြန်ပိတ်ရက်ကာလကို အစိုးရက မလိုအပ်ဘဲအပြင်မထွက်ဖို့ ညွှန်ကြားထားပေမယ့်လည်း မဖြစ်မနေ ထွက်ရမယ့်ပြည်သူတွေအတွက် ယာဉ်လိုင်း(၈၃)လိုင်း၊ ယာဉ်အစီးရေ City Bus၊ Mini Bus နဲ့ ယာဉ်ငယ်စုစုပေါင်း (၁၀၈၆)စီးလောက် ပြေးဆွဲနိုင်အောင်လျာထားတယ်” လို့ ဦးလှအောင်ကပြောပါတယ်။ 

ပုံမှန်အားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိပြည်သူတွေသွားလာရေးအဆင်ပြေစေနိုင်ဖို့အတွက် YBSယာဉ်အစီးရေ (၄၅၀၀)ကျော်ကို နေ့စဉ်ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ 

COVID 19ရောဂါကြောင့် သင်္ကြန်ပိတ်ရက်ကာလအတွင်းမှာ ပြည်သူတွေကို တိုင်းအစိုးရ မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စတွေကလွဲပြီး နေအိမ်ကနေအပြင်မထွက်ကြဖို့ ညွှန်ကြားထားပေမယ့်လည်း မဖြစ်မနေသွားလာရမယ့်ပြည်သူတွေအဆင်ပြေအောင် အခုလို YBS ယာဉ်တွေကို အဆင်ပြေသလို အလှည့်ကျပြေးဆွဲပေးမှာဖြစ်တယ်လို့ ဦးလှအောင်ကပြောပါတယ်။ 

Share

Loading Next Article...
က္က