ဒိုင်ဘာလာကို ပေါင်သန်း၁၀၀နဲ့ရောင်းချနိုင်ဖို့မျှော်လင့်ထားပြီး ပေါ့ဂ်ဘာကို ပေါင်သန်း၁၅၀နဲ့ကမ်းလှမ်းဖို့ စီစဉ်ထားပါတယ်။

ဂျုဗင်တပ်အသင်းဟာ ကစားသမားဟောင်း ပေါ့ဂ်ဘာကို ပြန်ခေါ်နိုင်ဖို့အတွက် အာဂျင်တီးနားကြယ်ပွင့် ကစားသမား ဒိုင်ဘာလာကို ထုတ်ရောင်းဖွယ်ရှိနေတယ်လို့ Daily Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒိုင်ဘာလဟာ ဂျုဗင်တပ်ကို ရော်နယ်ဒိုပြောင်းလာပြီးနောက်ပိုင်း ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရသူပါ။

NINTCHDBPICT000434140075.jpg

Photo: The Sun

 

ဂျုဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ရောင်းထုတ်ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့အလိုရှိနေတယ်လို့သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ပေါ့ဂ်ဘာဟာ ၂၀၁၂ခုနှစ်မှာ မန်ယူကနေ ဂျုဗင်တပ်ကိုပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ၂၀၁၆ဘောလုံးရာသီမှာ မန်ယူက ပြန်လည်ခေါ်ယူခဲ့တာပါ။ လက်ရှိအချိန်မှာ ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးက အဆမတန်များပြားနေတာကြောင့် ဂျုဗင်တပ်အသင်းဟာ လုံလောက်တဲ့ငွေကြေးရဖို့အတွက် ဒိုင်ဘာလာကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ Daily Mirror သတင်းဌာနကလည်းဖော်ပြထားပါတယ်။

မျက်လုံးဒဏ်ရာနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးခဲ့တဲ့ ဖာမီနို 

Photo: Metro

 

မန်ယူအသင်းဟာ ပေါ့ဂ်ဘာကို ၂၀၁၆မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၈၉သန်းနဲ့ခေါ်ယူခဲ့ပေမယ့် နည်းပြ မော်ရင်ဟိုနဲ့အဆင်မပြေမှုကြောင့်လက်ရှိအချိန်မှာ မန်ယူနဲ့အနာဂတ်မရေမရာဖြစ်နေပါတယ်။ အသက် ၂၅နှစ်အရွယ် ကမ္ဘာ့ဖလားချန်ပီယံကွင်းလယ်လူက ဘာစီလိုနာကိုပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေပေမယ့် စပိန်အသင်းက လှုပ်ရှားမှုမရှိသေးပါဘူး။ ဂျုဗင်တပ်အသင်းဟာ ရော်နယ်ဒိုကြောင့် နေရာပျောက်နေတဲ့ ဒိုင်ဘာလာကို ပေါင်သန်း၁၀၀နဲ့ရောင်းချနိုင်ဖို့မျှော်လင့်ထားပြီး ပေါ့ဂ်ဘာကို ပေါင်သန်း၁၅၀နဲ့ကမ်းလှမ်းဖို့ စီစဉ်ထားပါတယ်။

Photo: Metro

 

ဂျုဗင်တပ်အသင်းကတော့ မော်ရင်ဟိုနဲ့ပေါ့ဂ်ဘာရဲ့ဆက်ဆံရေးတင်းမာနေမှုအခြေအနေက ပြန်လည်ခေါ်ယူနိုင်ဖို့အခွင့်ကောင်းတစ်ရပ်ဖြစ်လာနိုင်ဖို့မျှော်လင့်ထားပါတယ်။ ပေါ့ဂ်ဘာက မော်ရင်ဟိုနဲ့သူ့အကြားမှာ အလုပ်သဘောဆက်ဆံရေးပဲရှိတယ်လို့ မီဒီယာတွေကိုထုတ်ပြောထားပြီး မော်ရင်ဟိုကလည်း ပေါ့ဂ်ဘာကို အပြောင်းအရွှေ့ကိစ္စ မီဒီယာတွေကို ထပ်မပြောဖို့ တားမြစ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာဟာ ဥရောပကလပ်အသင်းတွေအလိုအရှိဆုံးကွင်းလယ်ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က