စနေနေ့ရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ လီဗာပူးလ်ပွဲစဉ်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးလ်က အဝေးကွင်းမှာ စိတ်ထင်တိုင်းသောင်းကျန်းသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ဖူးတဲ့ အရသာကို ခံစားဖူးတဲ့ လီဗာပူးလ်ဟာ ဒီတစ်ကြိမ်မှာတော့ ပြိုင်ဘက်ကို ဘယ်လိုအခွင့်အရေးမှမပေးဘဲ ပွဲအစအဆုံးသူတို့စိတ်ကြိုက်လွှမ်းမိုးခြယ်လှယ်သွားခဲ့ပါတယ်။


ဒီနောက်မှာ ဆာလာက မန်စီးတီးနဲ့ပွဲစဉ်က သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဆင်တူတဲ့ဂိုးမျိုးကို လှလှပပသွင်းယူပြီး လီဗာပူးလ်အတွက် ၄ ဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ရာနီရေးနီကတော့ သူ့ရဲ့ ပထမဆုံး ဝက်ဖို့ဒ်နည်းပြပွဲမှာပဲ ခြေပြတ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူ့အသင်းကို အကောင်းဆုံးပုံစံ၊ အကောင်းဆုံးလူစာရင်းရအောင် ဖန်တီးနိုင်တဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးလ်ဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် အဝေးကွင်းမှာ ၃ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်အသင်းဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့တိုက်စစ်ကစားသမားအားလုံးဂိုးသွင်းယူနိုင်ခဲ့ပြီး ခံစစ်ကလည်းပေးဂိုးမရှိခဲ့တာမို့ ကလော့ပ်အတွက် ကျေနပ်စရာညတစ်ညဖြစ်ခဲ့ရပြီး ဒီပွဲကို အနိုင်ယူအပြီးမှာ အမှတ်ပေးဇယားကိုပါ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ဖာမီနိုက သူ့အတွက် ဟက်ထရစ်ရရှိစေမယ့် ဂိုးကို ထပ်မံသွင်းယူခဲ့လို့ လီဗာပူးလ်ရဲ့နိုင်ပွဲက ပိုမိုပြတ်သားသွားခဲ့ကာ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။