ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ်စ်နဲ့ ချွတ်စွပ်နီးနီး ရုပ်ချင်းဆင်သူတစ်ယောက်ဟာ လူမှုကွန်ရက်မှာ Cele ဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟူဘေးခရိုင်မှာ နေထိုင်တဲ့ Ma Yilong ဆိုသူဟာ အီလွန်မတ်စ်နဲ့ ရုပ်ချင်း တူနေတာကြောင့် အင်တာနက်ပေါ်မှာ နာမည်ကြီးလာခဲ့ပါတယ်။ အီလွန်မတ်စ်လို သရုပ်ဆောင်ပြတဲ့ ဗွီဒီယိုတိုလေးတွေ TikTok ပေါ် ပုံမှန်လိုလို Share ရင်းနဲ့ Ma ဟာ Follower ၂၂၉၀၀၀ ရလာခဲ့ပါတယ်။ မတ်စ်ကို သူ့အစ်ကိုလို့ အပြောင်အပျက်သဘောနဲ့ ခေါ်လေ့ရှိတဲ့ Ma ဟာ ပြီးခဲ့တဲ့လကပဲ Weibo မှာ အကောင့်တစ်ခု ဖွင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကားတစ်စီးဘေးမှာ Ma Yilong ရပ်နေတဲ့ ဗွီဒီယိုတိုတစ်ခု အင်တာနက်ပေါ် လူပြောများခဲ့ပြီးနောက် သူ့ကို အီလွန်မတ်စ် သတိထားမိသွားတယ်လို့ ဆိုပါတယ်။ "ကျွန်တော် တရုတ်သွေးတစ်ဝက်ပါတာ ဖြစ်နိုင်တယ်" လို့ မနှစ် ဒီဇင်ဘာလက မတ်စ်က Twitter ပေါ်မှာ ဟာသနှောခဲ့ပါတယ်။ အခုတော့ တရုတ်ပြည်ရဲ့ အီလွန်မတ်စ်ကို သူက တွေ့ချင်တယ်လို့ ဆိုပါတယ်။
"ကျွန်တော် ဒီလူနဲ့ တွေ့ချင်တယ်။ (သူက တကယ်ပဲ အစစ်အမှန်ဟုတ်မဟုတ်ပေါ့) ဒီနေ့ခေတ်က ပုံတူအတုလုပ်တဲ့ Deepfake တွေကြောင့် ပြောရခက်တယ်" လို့ ဒီတစ်ပတ် တနင်္လာနေ့က မတ်စ်ရဲ့ Tweet မှာ တင်ထားပါတယ်။ အဲ့ဒီနေ့မှာပဲ တရုတ်နိုင်ငံက Ma ကလည်း Weibo ပေါ်ကနေ "ကျွန်တော် ဒီမှာ ရှိပါတယ်။ ကျွန်တော်လည်း ခင်ဗျားကို တွေ့ချင်ပါတယ်။ ခင်ဗျားကို ချစ်တယ်။ ခင်ဗျားက ကျွန်တော့်ရဲ့ သူရဲကောင်းပါ" လို့ ပြန်ရေးပါတယ်။
Ma Yilong ဆိုတာ သူ့ဘာသာ ပေးထားတဲ့ နာမည်ဝှက်ဖြစ်နိုင်ပါတယ်။ Yilong ဆိုတာ မန်ဒရင်းအသံထွက် Elon ကို ဆိုပြီး Ma အတွက် တရုတ်အက္ခရာဟာ Musk နဲ့ အသံထွက်ချင်း ဆင်ပါတယ်။ သူ့ဗွီဒီယိုဖိုင်တွေရဲ့ အစမှာ အမြဲလိုလို အင်္ဂလိပ်သံနဲ့ "Hi Everyone, I am Yilong Ma" လို့ပါ နှုတ်ဆက်လေ့ရှိပါတယ်။ ဒီလထဲမှာပြ သူဟာ Tesla ကားတစ်စီးဘေးမှာ မတ်စ်ကတဲ့ စတိုင်အတိုင်း တုပပြီး ကို့ရို့ကားယားက,ပြတဲ့ ဗွီဒီယိုဖိုင်တင်ခဲ့ပါတယ်။
Twitter ကို အီလွန်မတ်စ် ဝယ်တဲ့ သတင်းနဲ့ ပတ်သက်ပြီးလည်း Ma က အလွန်ဝမ်းသာကြောင်း အဲ့ဒီဗွီဒီယိုဖိုင်ခေါင်းစီးမှာ ဖော်ပြခဲ့ပါတယ်။