• Featured

    Twitter ကို ခေါင်းဆောင်ဖို့ လူရှာနေတဲ့ အီလွန်မတ်စ်

Twitter Poll ဖွင့်ပြီး မေးခဲ့တာပါ

ကမ္ဘာကျော်သူဌေးကြီးဟာ သူ့ပိုင်လူမှုကွန်ရက်ကုမ္ပဏီရဲ့ CEO ရာထူးကနေ ဆင်းသင့်သလားဆိုပြီး အသုံးပြုသူတွေကို ဆန္ဒတောင်းခံခဲ့ရာမှာ “ဆင်းပေးပါ” ဆိုပြီး အဆိုပြုသူတွေက အသာစီးရခဲ့ပါတယ်။

အဆုံးအဖြတ်တစ်ခုခုကို လုပ်ခါနီးတိုင်း Twitter ပေါ် တက်ပြီး Follower တွေကို မဲခွဲခိုင်းပြီး Poll ထောင်တတ်တဲ့ အီလွန်မတ်စ်ဟာ ဒီတစ်ခါမှာလည်း Twitter လူမှုကွန်ရက်ကုမ္ပဏီမှာ သူ့အနာဂါတ်အကြောင်း Poll တစ်ခု ကောက်ခံခဲ့ပါတယ်။ ဒီတစ်ခေါက် Twitter Poll မှာတော့ ကုမ္ပဏီရဲ့ ခေါင်းဆောင်ရာထူးကနေ ဆင်းပေးသင့်သလားဆိုပြီး မဲကောက်ခံခဲ့တာပါ။ 

image


Photo: aprogrammerlife

“ဒီမဲအဆုံးအဖြတ်ရဲ့ ရလဒ်အတိုင်း ကျွန်တော်လိုက်နာပါမယ်” လို့လည်း သူက ပြောပါတယ်။ အီလွန်မတ်စ်ရဲ့ Poll မှာ လူပေါင်း ၁၇.၅ သန်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ဒီထဲက ၅၇.၅% ဟာ အီလွန်မတ်စ် နှုတ်ထွက်ရေးကို ထောက်ခံခဲ့ပြီး ကျန်တဲ့ ၄၂.၅% ကတော့ No လို့ အဖြေပေးခဲ့ပါတယ်။ အီလွန်မတ်စ်ရဲ့ ဒီ Poll Tweet ကို တစ်ဆင့်ပြန် Retweet လုပ်သူတွေနဲ့ Likes ပေးသူ သိန်းပေါင်းများစွာ ရှိခဲ့ပါတယ်။

Poll မဲမှာ Yes တွေ အားသာချိန် မနေ့ကပဲ နောက်ထပ် Tweet တစ်ခုနဲ့ “စကားပုံတစ်ခုအတိုင်းပေါ့ဗျာ။ ဆုတောင်းတာလည်း ကြည့်တောင်း ၊ တောင်းသလို ဖြစ်လာမှာလေ” လို့ အီလွန်မတ်စ်က Tweet တင်ခဲ့ပါတယ်။ ဒီ Thread မှာပဲ တခြား User တစ်ယောက်ကို Reply ပြန်ရာမှာ “ဘယ်သူမှ Twitter ကို အမှန်တကယ်ဆက်လက် အသက်ဝင်ရှင်သန်နိုင်မယ့် အလုပ်မျိုး မလိုချင်ကြဘူး။ ဒီမှာ ဆက်ခံသူလည်း မရှိဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။ 

အီလွန်မတ်စ်အနေနဲ့ Poll ရလဒ်အတိုင်း Twitter ကို ခေါင်းဆောင်ဖို့ လူသစ်ရှာမလားဆိုတာ မသိရသေးပါဘူး။ မတ်စ်ဟာ Tesla ရှယ်ယာတွေ ရောင်းသင့်မရောင်းသင့်လည်း Poll ကောက်ခဲ့တာမျိုး လုပ်ခဲ့ပါတယ်။ ဒီတစ်ပတ်ထဲမှာပဲ Twitter ဟာ Facebook ၊ Instagram နဲ့ ပြိုင်ဘက် Mastodon တို့အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတွေကို Link ချိတ်တဲ့ Twitter Users တွေကို တားမြစ်တဲ့ စည်းကမ်းတစ်ခုအကြောင်း ကြေညာခဲ့ပါတယ်။ 

ဒီလို ပိတ်ပင်လိုက်ခြင်းအားဖြင့် Twitter ကို အီလွန်မတ်စ် ဝယ်ယူရာမှာ ထောက်ခံအားပေးခဲ့တဲ့ Y Combinator တည်ထောင်သူ ပေါလ်ဂရေဟမ်အပါအဝင် အသုံးပြုသူ အများအပြား အကောင့်ပိတ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်အတွက် အီလွန်မတ်စ်က တောင်းပန်ခဲ့ပြီး Twitter ရဲ့ အရေးပါတဲ့ မူဝါဒအပြောင်းအလဲတွေအတွက် Vote တောင်းခံတာမျိုး လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။


Photo: aprogrammerlife

မနေ့ကပဲ @TwitterSafety ကနေ အသုံးပြုသူတွေကို “တခြားလူမှုကွန်ရက် ပလက်ဖောင်းတွေကို ကြော်ငြာဖို့ အဓိကရည်ရွယ်ပြီး အကောင့်သစ်ဖန်တီးတာ ၊ ရှိပြီးသား အကောင့်သုံးစွဲတာတွေကို ဟန့်တားတဲ့ မူဝါဒရှိသင့်သလား” ဆိုပြီး မေးမြန်းခဲ့ပါတယ်။ 

လောလောဆယ် မရှိဖို့ No ပေးထားတဲ့ဘက်က ဖြေဆိုသူရဲ့ ၈၇% ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က