• အီလွန်မတ်စ်ပိုင် လေယာဉ်ကို ခြေရာခံတဲ့ Twitter အကောင့် အပိတ်ခံရ

personal အကောင့်ပါ ဖြုတ်ချခံရတာပါ

Twitter သူဌေးကြီး အီလွန်မတ်စ်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံစောင့်ကြည့်နေတဲ့ Twitter အကောင့် ပျက်သွားပြီ ဖြစ်ပါတယ်။ 

အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ဂျက်ခ် ဆွိနေးဆိုသူဟာ အီလွန်မတ်စ်ရဲ့ လေယာဉ်ခရီးစဉ်လမ်းကြောင်းတွေကို ခြေရာခံနိုင်မယ့် Elon Musk's Jet (@ElonJet) ဆိုတဲ့ Twitter အကောင့်တစ်ခုကို ဖွင့်လှစ်ခဲ့တာပါ။ ဒီအကောင့်ဟာ အများပြည်သူ ရယူနိုင်မယ့် လေကြောင်းခရီးစဉ်အချက်အလက်တွေကို စောင့်ကြည့်နိုင်မယ့် bots သုံးပြီး Tesla နဲ့ SpaceX သူဌေးကြီး အီလွန်မတ်စ်ရဲ့ လေယာဉ်ခရီးစဉ်ကို တောက်လျှောက်ခြေရာခံနေခဲ့တာ ဖြစ်ပါတယ်။ 

image


Photo: mashable

ပြီးခဲ့တဲ့ သီတင်းပတ်အကုန်ကတည်းက သူ့ရဲ့ @ElonJet အကောင့် လူရောက်နှုန်းကို ကုမ္ပဏီက ကန့်သတ်လိုက်ကြောင်း Twitter ဝန်ထမ်းတစ်ဦး ပေးပို့လာတဲ့ Screenshots တွေက ဖော်ပြနေတယ်လို့ ဆွိနေးက ပြောခဲ့ပါတယ်။ ဒီတစ်ပတ်တနင်္လာနေ့မှာ သူ့အကောင့်ကို နောက်ထပ်ကန့်သတ်မှုတွေ မရှိလောက်တော့ဘူးလို့ ဆွိနေးက ပြောခဲ့ပေမယ့် Twitter ဘက်က အကောင့်ကို ဖြုတ်ချခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဆွိနေးရဲ့ Personal အကောင့်လည်း Twitter ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။

အကောင့်ဖြုတ်ချလိုက်တဲ့ နေ့မှာပဲ Twitter ပလက်ဖောင်းပေါ်မှာ တခြားသူတစ်ယောက်ရဲ့"လက်ရှိတည်နေရာ" သတင်းအချက်အလက်အကြောင်း မျှဝေခြင်းကို ကန့်သတ်ကြောင်း ကြေညာပြီး Twitter ရဲ့ သီးသန့်ပုဂ္ဂလိက သတင်းအချက်အလက်မူဝါဒကို အသစ်ပြင်ဆင်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ ဂျက်လေယာဉ်လမ်းကြောင်းအချက်အလက်တွေ လူမှုကွန်ရက်ပေါ် တင်နေတဲ့ ဂျက်ခ် ဆွိနေးကို အီလွန်မတ်စ်က ဖြုတ်ချပေးပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က အီလွန်မတ်စ်ဟာ Twitter ကုမ္ပဏီကို ဝယ်ယူထားခြင်း မရှိသေးပါဘူး။

@ElonJet အကောင့်ကို ဖြုတ်ချပေးမယ်ဆိုရင် ဒေါ်လာ ၅၀၀၀ ပေးမယ်လို့လည်း ဆွိနေးကို အီလွန်မတ်စ်က ကမ်းလှမ်းခဲ့ပေမယ့် ဆွိနေးကတော့ ဒေါ်လာ ၅ သောင်းပေးမှ အကောင့်ဖြုတ်ချမယ်လို့ ပြောခဲ့တာပါ။ @ElonJet အကောင့်ဟာ ဖြုတ်ချမခံရခင်အထိ Followers သန်းတစ်ဝက်ကျော် ရှိပြီး အလားတူ bot ဗားရှင်းတစ်မျိုးနဲ့ Instagram ပေါ်မှာ elonmusksjet ဆိုတဲ့ အကောင့်ဖွင့်ပြီး လေယာဉ်ခြေရာခံမှု လုပ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က