• ဟာဗက်ဇ်ကိစ္စမှာ အာဆင်နယ်ကို နောက်ဆုံးအချိန်မှ ခြေဝင်ထိုးခဲ့သေးတဲ့ ရီးရဲလ်

ဟာဗက်ဇ်အတွက် ‌နောက်ဆုံးမိနစ်မှ ခေါ်စျေးဝင်ပေးဖို့ ကြိုးစားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဟာဗက်ဇ်နဲ့ ပတ်သက်လို့ နောက်ဆုံးအချိန်မှ ဖုန်းဆက်ပြီး ကြိုးပမ်းခဲ့သေးကြောင်း သိရှိရပါတယ်။ ဟာဗက်ဇ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် (၆၅) သန်းနဲ့ ရောက်ရှိသွားခဲ့တာဖြစ်ပြီး အသင်းသစ်မှာ ကျောနံပါတ် (၂၉) ကို ဆက်လက် ဝတ်ဆင်သွားမှာပါ။

image

အဆိုပါ ဂျာမနီသားကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်တို့ အရင်ကတည်းက စိတ်ဝင်စားခဲ့ပြီး လက်ရှိနွေရာသီမှာလည်း ဘန်ဇီမာ ထွက်သွားခဲ့တာကြောင့် ဟာဗက်ဇ်ကို အနီးကပ်‌စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ချဲလ်ဆီးတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို စျေးကျသွားတဲ့အချိန်အထိ စောင့်ကြည့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

image

ဒါ့အပြင် အသင်းအနေနဲ့လည်း အဆိုပါ ဂျာမနီသားကို ဆက်သွယ်မှုတွေရှိခဲ့သလို အသင်းမှာရှိပြီးသား ကစားသမားတွေနဲ့လည်း ဟာဗက်ဇ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဆင်နယ်ကို ဟာဗက်ဇ်ကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်လာချိန် နောက်ဆုံးမိနစ်ကျမှ ရီးရဲလ်မက်ဒရစ်တို့ ဟာဗက်ဇ်ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဟန်ရှိပြီး အာဆင်နယ် ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဟာဗက်ဇ်ဟာ အရင်ကတည်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေက စိတ်လှုပ်ရှားစရာကောင်းတဲ့နောက် လန်ဒန်မြို့ခံကလပ်ဆီပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဟာဗက်ဇ်ဟာ အာဆင်နယ်ကို ရောက်ရှိချိန်မှာတော့ ကွင်းလယ်ကစားသမားတစ်ယောက်အဖြစ် ကစားရဖွယ်ရှိပြီး ဒီအကြောင်းကိုလည်း အာတီတာက ပြောကြားထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ဘန်ဇီမာထွက်ခွာသွားတဲ့ အသင်းရဲ့ ဗဟိုတိုက်စစ်မှူးနေရာအတွက် လက်ရှိအချိန်အထိ ပစ်မှတ်တွေကို ချိန်ရွယ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ အမ်ဘာပေကလွဲရင် ကျန်တဲ့ ဘယ်ကစားသမားကမှ ရီးရဲလ်မက်ဒရစ်ရဲ့ အတည်တကျ ပစ်မှတ် မဖြစ်လာသေးဘဲ တိုက်စစ်မှူးသစ် ရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က