ယူနိုက်တက်ရဲ့ ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ အဓိကယှဉ်ပြိုင်မယ့်အသင်းက အာဆင်နယ်ပဲဖြစ်ကြောင်း ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် အသင်းဟောင်း ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးတို့က မန်စီးတီးကို ယှဉ်နိုင်စွမ်းမရှိကြောင်း ဆိုပါတယ်။

လာမယ့်ပိတ်ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်တော့မှာဖြစ်ပြီး ရာသီသစ်အတွက် ပရီးမီးယားလိဂ် ရင်ခုန်သံတွေကလည်း မြန်လာကြပါပြီ။ ပြီးခဲ့တဲ့ရာသီမှာတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ ရာသီသိမ်းခါနီးအထိ အပြိုင်ဖြစ်ခဲ့ရပြီး မန်စီးတီးက အာဆင်နယ်ကို ကျော်တက်ကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

ရာသီသစ်အတွက် နဗီးလ်က “အာဆင်နယ်က မန်စီးတီးနဲ့ အခုထက်ပိုပြီး ကွာဟချက်ကျဉ်းမြောင်းဖို့ လုပ်စရာမရှိတော့ဘူးထင်ပါတယ်။ သူတို့က ကြီးမားတဲ့ ခေါ်ယူမှုတွေကို ပြုလုပ်ခဲ့ပြီးပါပြီ။ ကျွန်တော် စိုးရိမ်တာက သူတို့က ကျွန်တော် စောင့်ကြည့်ရတဲ့ တစ်သင်းတည်းသောအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လုယူနိုင်တဲ့ တစ်သင်းတည်းသောအသင်းပါ”
“ကစားသမားသစ်သုံးယောက်နဲ့အတူ သူတို့က ပိုကောင်းလာပါတယ်။ အခြားအသင်းတွေကို ကျွန်တော်ကြည့်လိုက်ရင် ဘယ်အသင်းကများ ပိုကောင်းလာလဲဆိုပြီးတော့ပေါ့။ ချဲလ်ဆီးက သာမန်အတိုင်းပဲ ပိုကောင်းလာမှာပါ။ လီဗာပူးကတော့ လက်ရှိအနေအထားမျိုးနဲ့ မန်စီးတီး၊ အာဆင်နယ်တို့ကို စိန်ခေါ်နိုင်စွမ်းမရှိပါဘူး”
“ယူနိုက်တက်ရဲ့ လက်ရှိအနေအထားအရလည်း ကျွန်တော် သူတို့ကို ကြည့်မနေပါဘူး။ ဒီတော့ ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးတို့သာ အပြောင်းအရွှေ့ လက်ကျန်ကာလမှာ အံ့အားသင့်ဖွယ်ရာတွေ မလုပ်နိုင်ဘူးဆိုရင် ဒီအချိန်မှာ ကျွန်တော် တွေးစရာ အာဆင်နယ်ပဲရှိပါတော့တယ်။ ကျွန်တော့်အထင် သူတို့က မန်စီးတီးနဲ့ အရမ်းကို ကပ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။