• ၁ မိနစ်အတွင်း Redmi K50 Gaming ဖုန်း ဒေါ်လာ ၄၄ သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့

မြန်မာငွေ ၁၀ သိန်းကျော်‌ဈေးက‌နေ စတင်ရောင်းချသွားမယ့် Gaming ဖုန်းပါ

Xiaomi ရဲ့ အသစ်စက်စက် Redmi K50 Gaming Edition ဟာ တရုတ်ဈေးကွက်မှာ ရောင်းအားတက်နေတယ်လို့ ဆိုပါတယ်။ 

တရုတ်ဈေးကွက်မှာ Flash Sale ထုတ်ရောင်းရာမှာ Redmi K50 Gaming ဟာ ၁ မိနစ်အတွင်း ယွမ်သန်း ၂၈၀ ကျော် (ဒေါ်လာ ၄၄.၂ သန်း) ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ Gizmochina သတင်းက ဖော်ပြပါတယ်။ 

Redmi Brand တွေထဲမှာ ပထမဆုံး Snapdragon 8 Gen 1 SoC နဲ့လာတဲ့ ဒီဖုန်းဟာ အကြီးစား VC Chamber အအေးခံစနစ် ၊ ၆.၆၇ လက်မ AMOLED Display နဲ့ 120Hz Refresh Rate ၊ 480Hz Touch Sampling Rate တို့ သုံးလာပါတယ်။ 4700mAh ဘက်ထရီနဲ့ 120W Fast Charging အတွဲက ၁၇ မိနစ်အတွင်း အားအပြည့်သွင်းစေနိုင်မယ်လို့ ဆိုပါတယ်။ 

image

Photo: GSMArena


Redmi K50 Gaming ဟာ 64MP Sony IMX686 sensor ၊ 8MP ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ကင်မရာနဲ့ 2MP Telemacro ကင်မရာတွေနဲ့ လာပါတယ်။ ရှေ့ဘက်မှာ Video Call နဲ့ Selfie အတွက် 20MP Sony IMX596 Sensor သုံးထားပါတယ်။ Android 12 အခြေခံ MIUI 13 နဲ့လာပြီး RAM 12GB/256GB Storage အထိ ပါဝင်ပါတယ်။ 

Xiaomi Redmi K50 Gaming ကို Dream Color Blue ၊ Silver နဲ့ Black ကာလာတွေနဲ့လာပြီး Mercedes AMG F1 Edition လည်း ထွက်ထားပါတယ်။ 8GB/128GB ဗားရှင်းကို ၃၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်) ဈေးကနေ စတင် ရောင်းချသွားမှာပါ။


12/128GB ဗားရှင်းကို ၃၅၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) နဲ့ 12/256GB ဗားရှင်းကို ၃၈၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။ Mercedes AMG F1 မော်ဒယ် 12/256GB ဗားရှင်းကိုတော့ ၄၁၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က