• Featured

    ၁၀ နှစ်အရွယ် ကလေးငယ်ကို သေစေနိုင်တဲ့ Challenge တစ်ခုလုပ်ဖို့ Alexa က ပြောဆိုခဲ့

Amazon ကတော့ ဒီချို့ယွင်းချက်ကို ချက်ချင်းပြုပြင်ခဲ့ပါတယ်

Amazon ရဲ့ Alexa အသံအကူနည်းပညာဟာ ၁၀ နှစ်အရွယ် မိန်းကလေးကို အားဝင်နေတဲ့ပလပ်ထဲ ပြားစေ့နဲ့ ထိဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

မိန်းကလေးက Alexa ကို ဘယ်လို Challenge လုပ်ရမလဲလို့ အကြံတောင်းတဲ့အချိန်မှာ Alexa စမတ်စပီကာက အားသွင်းပေါက်ထဲ ဖုန်း Charger ကို တစ်ဝက်လောက် ထည့်ထားပြီး လွတ်နေတဲ့ အားသွင်းကြိုးခေါင်းမှာ အကြွေပြားစေ့နဲ့ သွားထိကြည့်ဖို့ အကြံပြုခဲ့တာလို့ BBC သတင်းက ဖော်ပြပါတယ်။ Alexa ဟာ ourcommunitynow ဆိုတဲ့ ဝက်ဘ်ဆိုက်ပေါ်က Challenge တစ်ခုကို ညွှန်းထားတာပါ။

image

Photo: ANI News


Echo စပီကာဟာ ဒါကို web ပေါ်ကနေ တွေ့ရတဲ့ Challenge လို့လည်း ပြောထားပါတယ်။ ဒီ challenge ဟာ TikTok နဲ့ တခြားလူမှုကွန်ရက်မီဒီယာဝက်ဘ်ဆိုက်တွေပေါ်မှာ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခေတ်စားခဲ့တဲ့ Penny Challenge ဆိုတဲ့ အန္တရာယ်များလှတဲ့ စိန်ခေါ်မှု challenge တစ်ခုလည်း ဖြစ်ပါတယ်။ လျှပ်စစ်စီးနိုင်တဲ့ သတ္ထုကို ပလပ်ပေါက်ထဲ သွားထည့်တာကြောင့် ဓါတ်လိုက်တာ ၊ မီးလောင်တာနဲ့ တခြား ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ 

ကလေးငယ်ရဲ့ မိခင်ဖြစ်တဲ့ ခရစ္စတင်း လစ်ဗ်ဒါးလ်က Alexa history ထဲက ဒီလိုပြောတဲ့ Screenshots ကို ယူထားပြီး Twitter ပေါ် ပြန်တင်ခဲ့ပါတယ်။ မစ္စလစ်‌ဗ်ဒါးဟာ Alexa ရဲ့ ပြောဆိုမှုကို "မလုပ်ရဘူး။ Alexa နိုး" ဆိုပြီး ဝင်ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဒီဖြစ်ရပ်အကြောင်း သတင်းတက်လာပြီးနောက် Amazon ဘက်က Alexa ရဲ့ ချို့ယွင်းချက်ကို ပြန်ပြုပြင်ထားပြီး ဖြစ်ကြောင်းနဲ့ အလားတူဖြစ်ရပ်မျိုး နောက်မဖြစ်အောင် ကာကွယ်ဖို့ လုပ်‌ဆောင်သွားမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က