120Hz display ၊ 55W charging နဲ့ မြန်မာငွေ ၇ သိန်းခွဲကျော်တန် Xiaomi Civi

Selfie အသားပေး 5G ဖုန်းပါ

Xiaomi ဟာ အမြင့်တန်း features တွေနဲ့ Upper Mid-range ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။

           Xiaomi Civi ဟာ Mi branding ကို ဖြုတ်ပြီးနောက် Xiaomi ကနေ တံဆိပ်သစ်နဲ့ မိတ်ဆက်လိုက်တဲ့ ဖုန်းဖြစ်ပြီး လောလောဆယ် Xiaomi Civi ဆိုပြီး တစ်မျိုးပဲ ထွက်ထားပါတယ်။ Xiaomi Civi ဟာ Snapdragon 778G processor သုံး ဖုန်းတစ်လုံး ဖြစ်ပြီး X53 5G modem မှာ 3.3Gps နဲ့ 3.6Gbps နှုန်းအထိ support ပေးတဲ့ Wi-Fi 6E လည်း ပါရှိပါတယ်။

           ဖုန်း chip ကို အအေးပေးဖို့ ၉ လွှာပါ ဂရက်ဖင်းအုပ်ထားပါတယ်။ အမြင့်တန်း Adreno 642L GPU ဟာ ပုံအရည်အသွေး ဆုံးရှုံးမှု အနည်းဆုံးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ Variable Rate Shading ပံ့ပိုးထားပါတယ်။ ဒီဂရပ်ဖစ်ဟာ အမြင့်စားဂိမ်းတွေကို 90fps နှုန်းနဲ့ ကစားနိုင်အောင် ပံ့ပိုးထားပါတယ်။ display ပိုင်းမှာ 120Hz refresh rate ၊ 240Hz touch sampling rate တို့လည်း ပါရှိပါတယ်။

image


Photo: lowyat


           Screen Size ၆.၅၅ လက်မဟာ ဘေးဘောင်ကွေး OLED panel သုံးထားပြီး Xiaomi ဖုန်းတွေထဲမှာ အောက်ခြေ chin ဘောင်အသေးဆုံးဖုန်းလို့လည်း ဆိုပါတယ်။ display ရုပ်ထွက် 1080+ ရှိပြီး HDR10+ နဲ့ Dolby Vision support ပေးထားတဲ့အပြင် အမြင့်ဆုံး တောက်ပမှု 950nits အထိ ရှိမှာပါ။ ဒီဇိုင်းပိုင်းဟာ ခေတ်နဲ့အညီ ဆန်းသစ်ထူးခြားမှု ရှိပြီး ဘောင်ကွေးညွှတ်မှုနဲ့ အောက်ခြေ Chin ပါးလျမှုကြောင့် ဖုန်းရဲ့ အလှက ထင်ပေါ်မှုရှိပါတယ်။

           ကျောဘက်ကင်မရာဒီဇိုင်းအနေနဲ့ ထောင်လိုက်ထောင့်ကွေး စတုဂံအိမ်ထဲမှာ 64MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်နိုင်တဲ့ 8MP sensor ultrawide lens နဲ့ 2MP macro lens တို့ ထည့်ထားပါတယ်။ ရှေ့ punch hole ကင်မရာအိမ်ထဲမှာ autofocus ပါ 32MP shooter သုံးထားပါတယ်။ selfie ပိုင်းမှာ autofocus အပြင် dual-soft LED flash နဲ့ အသားအရေချောမွေ့အောင် ပြုပြင်ပေးတဲ့ skin renewal နည်းပညာတို့လည်း သုံးထားပါတယ်။



Photo: lowyat


           ဆယ်လ်ဖီအသားပေး ဖုန်းတစ်လုံးဖြစ်ပြီး ဒီဇိုင်းနဲ့ အချိုးကလည်း အမျိုးသမီး users တွေကို ပိုဆွဲဆောင်နိုင်ဖို့ ရှိပါတယ်။security အနေနဲ့ in-display လက်ဗွေနည်းပညာ သုံးထားပါတယ်။ ဘက်ထရီ 4500 mAh အားဟာ 55W charging ကြောင့် ၄၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မှာဖြစ်ပြီး အသံပိုင်းမှာ Dolby Atmos support နဲ့ Hi-Res Audio ထောက်ခံချက်ပါ စတီရီယိုစပီကာတွေ ပါရှိပါတယ်။

           OS ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ MIUI 12.5 သုံးထားပြီး အပြာဖျော့ ၊ အနက်နဲ့ ပန်းဖျော့သုံးရောင်နဲ့ ထွက်လာပါတယ်။ RAM 8GB/128GB မော်ဒယ်ကို ယွမ် ၂၆၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) နဲ့ 256GB မော်ဒယ်ကို ယွမ် ၂၉၀၀ (မြန်မာငွေ ၈ သိန်းခွဲနီးပါး) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ အမြင့်ဆုံး 12/256GB မော်ဒယ်ကတော့ ယွမ် ၃၂၀၀ (မြန်မာငွေ ၉ သိန်းခွဲနီးပါး) ဈေးသတ်မှတ်ထားပါတယ်။

Share

Loading Next Article...
က္က