Xiaomi ရဲ့ ပထမဆုံး Civi စီးရီးဖုန်းသစ်မှာ autofocus ပါ 32MP selfie ကင်မရာသုံးဖို့ရှိ

လူငယ်ဆန်တဲ့ဒီဇိုင်းနဲ့ လာမယ့်ဖုန်းပါ

စက်တင်ဘာ ၂၇ ရက်နေ့မှာ brand သစ်နဲ့ Xiaomi ဖုန်းတစ်မျိုး ကြေညာသွားဖို့ ရှိပါတယ်။

           Xiaomi Civi ဖုန်းဟာ ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းသုံးလာမယ်လို့ သတင်းထွက်ထားပါတယ်။ လာမယ့်တနင်္လာနေ့ တရုတ်ဈေးကွက်မှာ ကြေညာသွားမယ့် Xiaomi Civi ဖုန်းဟာ autofocus ပါ 32MP selfie ကင်မရာ သုံးလာမယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်မှန်မယ်ဆိုရင် Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ autofocus စနစ်သုံး 32MP selfie ကင်မရာပါတဲ့ ဖုန်းဖြစ်လာမှာပါ။

image


Photo: gizchina


           လောလောဆယ် ပေါက်ကြားလာတဲ့ဒီဇိုင်းတွေအရ Xiaomi Civi ဟာ ဖုန်း screen အ‌ပေါ်အလယ်တည့်တည့် punch-hole ပေါက် သုံးထားပြီး curved display ဒီဇိုင်းနဲ့ လာဖို့ ရှိပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၅ လက်မ AMOLED panel သုံးပြီး FullHD+ resolution ရုပ်ထွက် ပါမယ်လို့ ယူဆထားပါတယ်။ Xiaomi Civi ဟာ 120Hz refresh rate အမြင့် သုံး ဖုန်းဖြစ်ပြီး 4500mAh ဘက်ထရီ ၊ 55W fast charging နဲ့လာဖို့ ရှိပါတယ်။

           ဆယ်လ်ဖီကင်မရာအတွက် Xiaomi Civi ဟာ 32MP Samsung GD1 lens သုံးထားပြီး ကျောဘက်မှာ 64MP primary ကင်မရာပါ သုံးလုံးတွဲကင်မရာစနစ် တပ်ဆင်လာနိုင်ပါတယ်။ mid-range 5G chipset ဖြစ်တဲ့ Snapdragon 778G processor သုံးလာဖို့ ရှိပြီး RAM 8GB/128GB storage ၊ RAM 8GB/256GB storage နဲ့ 12GB/256GB ‌မော်ဒယ်တွေ ထွက်လာဖို့ရှိပါတယ်။

           ဒီဖုန်းတွေကို ခန့်မှန်းဈေးနှုန်း ၂၆၉၉ ယွမ် (မြန်မာငွေ ၈ သိန်းနီးပါး) ၊ ၂၉၉၉ ယွမ် (မြန်မာငွေ ၉ သိန်းနီးပါး) နဲ့ ၃၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က