• ၂၀၂၂ FIFA ကမ္ဘာ့ဖလားအတွက် တရားဝင် စမတ်ဖုန်းစပွန်ဆာဖြစ်လာတဲ့ Vivo

Vivo ဟာ ၂၀၂၀ ယူအီးအက်ဖ်အေ ယူရို ၂၀၂၀ ပွဲစဉ်တွေကိုလည်း စပွန်ဆာပေးခဲ့ပါတယ်။

တရုတ်ဖုန်းကုမ္ပဏီ Vivo ဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလား‌မှာ တစ်ခုတည်းသော တရားဝင်စမတ်ဖုန်းစပွန်ဆာပေးတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။ 

Vivo ရဲ့ နောက်ဆုံးပေါ် ခေါက်သိမ်းနိုင်စမတ်ဖုန်း Vivo X Fold+ ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ ဒီတစ်ပတ် တနင်္လာနေ့မှာ အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။ Vivo X Fold+ ဟာ နှစ်ပေါင်း ၁၁၈ နှစ် ရှိပြီ ဖြစ်တဲ့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သမိုင်းမှာ ပထမဆုံး တရားဝင် Foldable စမတ်ဖုန်းအဖြစ် စပွန်ဆာပေးခဲ့တဲ့ ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

image



Vivo ရဲ့ အကြီးတန်းဒုဥက္ကဌ နဲ့ မားကတ်တင်းအရာရှိချုပ်ဖြစ်သူ စပါ့ခ် နီက "ဘောလုံးအားကစားဟာ လူတွေကို အတူတူဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေအနေနဲ့ ကွင်းထဲမှာပဲ ကြည့်ကြည့် ကွင်းပြင်ပကနေပဲ ရသခံစားခံစား စိတ်လှုပ်ရှားဖွယ်ရာ ကမ္ဘာ့ဖလားအတွေ့အကြုံတွေ တည်ဆောက်ပြီး အချင်းချင်းမျှဝေရာမှာ ဆန်းသစ်တီထွင်မှုက အထောက်အကူပြုနိုင်မယ်လို့ Vivo က ယုံကြည်ပါတယ်။ " လို့ ပြောပါတယ်။ 

Vivo ဟာ ၂၀၁၇ ခုနှစ်ထဲမှာ FIFA နဲ့ ၆ နှစ်ကြာ သက်တမ်းရှိတဲ့ စပွန်ဆာရှစ်သဘောတူညီမှုတစ်ခုမှာ လက်မှတ်ရေးထိုးထားပါတယ်။ ကာတာမှာ ကျင်းပမယ့် ဒီနှစ်ကမ္ဘာ့ဖလားပွဲဟာ ၂၀၁၇ FIFA ကွန်ဖက်ဒရေးရှင်းဖလား ၊ ၂၀၁၈ ရုရှား FIFA ကမ္ဘာ့ဖလား နဲ့ ၂၀၂၁ FIFA အာရတ်ဖလား ကာတာတို့အပြီး Vivo က စပွ်နဆာပေးထားတဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ Vivo ဟာ ၂၀၂၀ ယူအီးအက်ဖ်အေ ယူရို ၂၀၂၀ ပွဲစဉ်တွေကိုလည်း စပွန်ဆာပေးခဲ့ပါတယ်။

၂၀၂၂ FIFA ကမ္ဘာ့ဖလား ကာတာပွဲစဉ်အတွင်းမှာ Vivo ဟာ ကမ္ဘာ့ဖလားဝန်ထမ်းတွေကို ပွဲစဉ်အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးနဲ့ ပြင်ဆင်ရေးအပိုင်းတွေ ပြီးစီးဖို့ နောက်ဆုံးပေါ် နည်းပညာတွေပါဝင်တဲ့ ကုမ္ပဏီရဲ့ အဆင့်မြင့် Flagship ဖုန်းတွေ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။


Vivo ဟာ ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံနဲ့ ဒေသဈေးကွက်ပေါင်း ၆၀ ကျော်ကို တိုးချဲ့ဖြန့်ကြက်မှုတွေ လုပ်ခဲ့တဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ကာတာကမ္ဘာ့ဖလားကနေ လက်ရှိ Vivo အသုံးပြုသူ သန်း ၄၀၀ အပါအဝင် ကမ္ဘာ့ပရိတ်သတ် သန်း ၅၀၀၀ ဆီကိုပါ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကို လူသိအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ 

Share

Loading Next Article...
က္က