Chipset သစ် ၊ ဘက်ထရီသစ်နဲ့ ထွက်လာတာပါ

Vivo ဖုန်းကုမ္ပဏီရဲ့ အမိုက်စား foldable ဖုန်းသစ်ကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

Vivo X Fold+ ဟာ Chipset သစ် ၊ ကာလာသစ်နဲ့ တရားဝင်ကြေညာလိုက်တာပါ။ Vivo X Fold+ သစ်မှာ သုံးလိုက်တဲ့ Snapdragon 8+ Gen 1 သစ်ဟာ ပါဝါသုံးစွဲမှုမှာ ၃၀% ပို သက်သာပြီး စွမ်းဆောင်ရည်ပိုင်းမှာ ၁၀% ပိုသွက်လက်မြန်ဆန်မှု ရှိမယ်လို့ Qualcomm က ထုတ်ပြန်ထားတာပါ။တန်ဖိုးမြင့် ခေါက်သိမ်းနိုင် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Vivo X Fold+ ဟာ chipset အပြင် ဘက်ထရီပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ထားပါတယ်။ 



Photo: GSMArena


ဘက်ထရီပါဝါ 4730mAh ဟာ ပါဝါသုံးစွဲမှုသက်သာတဲ့ Chipset သစ်ကြောင့် Vivo X Fold ထက် ဗွီဒီယိုတွေကြည့်ရာမှာ ၂ နာရီနီးပါး ပိုအားခံမယ်လို့လည်း ဆိုပါတယ်။ အားသွင်းစနစ်အနေနဲ့ အရင် 66W အစား 80W Charging စနစ် သုံးလာလို့ ၃၅ မိနစ်အားသွင်းတာနဲ့ အားအပြည့်ဝင်မှာ ဖြစ်ပါတယ်။ Vivo X Fold မှာ 80W Charger ပါပေမယ့် ဒီ Charger ကို ဖုန်းက အပြည့်အဝသုံးနိုင်မှာ မဟုတ်ပါဘူး။ Wireless Charging ကိုတော့ 50W ကိုပဲ ဆက်သုံးထားပါတယ်။ 

Vivo X Fold+ ဟာ ၈ လက်မဆိုဒ် Foldable Display ပါရှိပြီး Ultra Thin Glass (UTG) မှန်နဲ့လာပါတယ်။ Screen Refresh Rate ကိုတော့ 1-120Hz LTPO Panel သုံးပေးထားပြီး အတွင်းနဲ့ အပြင် ကာဗာ Display တို့ဟာ ၆.၅၃ လက်မ 21:9 Ratio သုံးထားပါတယ်။ ဖုန်းလုံခြုံရေးအတွက်တော့ Ultrasonic Fingerprint Reader သုံးပေးထားတာပါ။ ဖုန်းမှာ သုံးထားတဲ့ ပတ္တာ Hinge ဟာ ထောင့်အနေအထားအမျိုးမျိုးမှာ ဖွင့်ထားလို့ ရနိုင်မှာ ဖြစ်ပြီး ဖုန်းနဲ့ရုပ်ရှင်ကြည့်တာ ၊ Video Call ခေါ်တာတွေ လုပ်ဆောင်နိုင်မှာပါ။ 

အသံထွက်စနစ်ကောင်းမွန်ဖို့ Vivo ဟာ စပီကာတွေကိုလည်း အဆင့်မြှင့်တင်မှု လုပ်ထားတယ်လို့ ဆိုပါတယ်။ ကျောဘက်ကင်မရာအတွဲထဲမှာ 50MP Main Sensor (1/1.57' GN5 Sensor , 1.0µm, f/1.75 OIS) ၊ ၁၁၄ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 48MP Ultrawide Sensor နဲ့အတူ Portraits အတွက် 47mm lens ပါ 12MP ကင်မရာ ၊ ၅ ဆ ဆွဲချဲ့နိုင်ပြီး 60x Digital Zoom အထိ ထွက်တဲ့ OIS ရုပ်ငြိမ်စနစ်ပါ 8MP Periscope ကင်မရာတစ်လုံးတို့ ထည့်သွင်းထားပါတယ်။ 

Photo: GSMArena


Vivo X Fold+ သစ်မှာ Huaxia Red အနီရောင်ကာလာသစ်လည်း မိတ်ဆက်လာပါတယ်။ ဒီကာလာသစ်ကလည်း မူလအရောင်နှစ်ခုလိုမျိုး သားရေတု Faux Leather နဲ့ အုပ်ထားတာပါ။ Vivo X Fold + ကို တရုတ်ဈေးကွက်မှာ Pre-Order စတင် မှာယူနိုင်ပြီ ဖြစ်ပြီး အနိမ့်ဆုံးမော်ဒယ် 12/256GB ဗားရှင်းကို ယွမ် ၁ သောင်း (မြန်မာငွေ သိန်း ၄၀ ကျော်) ၊ 12/512GB ဗားရှင်းကို ယွမ် ၁၁၀၀၀ (မြန်မာငွေ ၄၅ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က