• Vivo ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းကို စက်တင်ဘာလထဲ မိတ်ဆက်မည်

နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိသွားမလား စောင့်ကြည့်ရမှာပါ

Foldable ဖုန်းဈေးကွက်ထဲမှာ Vivo ကလည်း ထုတ်ကုန်သစ်နဲ့ ဈေးကွက်ဝင်ဖို့ ပြင်နေပါတယ်။ 

Vivo ရဲ့ Foldable ဖုန်း Vivo X Fold S ကို လာမယ့် စက်တင်ဘာလထဲမှာ မိတ်ဆက်လာဖို့ ရှိတယ်လို့ Digital Chat Station က ဖော်ပြပါတယ်။ ဈေးကွက်ထဲမှာ Foldable ဖုန်းအနေနဲ့ Samsung ထုတ် Galaxy Z Fold 4 ၊ Xiaomi ရဲ့ Mix Fold 2 နဲ့ Huawei Mate Xs 2 တို့အတွက် ပြိုင်ဘက်သစ်အဖြစ် Vivo ကလည်း စာအုပ်တစ်အုပ်လိုမျိုး ခေါက်သိမ်းနိုင်မယ့် Vivo X Fold S ကို နောက်လထဲမှာ မြင်ရတော့မှာပါ။ 

image


Vivo ရဲ့ Foldable ဖုန်းလည်း တခြားတရုတ် Foldable ဖုန်းတွေအတိုင်း တရုတ်ဈေးကွက်ထဲမှာပဲ အရင်ဆုံး ဖြန့်ချိလာနိုင်ပါတယ်။ Vivo ဟာ ၂၀၂၂ ခုနှစ် ဧပြီလထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး Foldable စမတ်ဖုန်း Vivo X Fold ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ Vivo X Fold ဟာ High-End Features တွေ ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်ပြီး Snapdragon 8 Gen 1 Processor ၊ 1Hz ကနေ 120Hz Refresh Rate ကို လိုသလိုပြောင်းလဲနိုင်မယ့် LTPO Screen ၊ RAM 12GB နဲ့ 512GB Storage အထိ ပါရှိသလို ZEISS အမှတ်တံဆိပ် ကင်မရာစနစ် သုံးထားပါတယ်။ 

Vivo X Fold ဟာ အပြင်ဘက် ၆.၅၃ လက်မ AMOLED cover display နဲ့ လာပြီး 120Hz Refresh Rate ၊ 1080x 2520p ရုပ်ထွက် ပါရှိပါတယ်။ ဖုန်းလုံခြုံရေးအတွက်လည်း မှန်ပြင်အောက် လက်ဗွေနည်းပညာ အသုံးပြုထားပါတယ်။ အတွင်းခေါက် Display ဟာ ၈.၀၃ လက်မ AMOLED Display ပါရှိပြီး Screen ရုပ်ထွက် 1916 x 2160p နဲ့ HDR10+ ပံ့ပိုးမှုလည်း ပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာလည်း Vivo X Fold ဟာ အဆင့်အတန်းမြင့်မားတဲ့ ကင်မရာအရည်အသွေးနဲ့ လှပသပ်ရပ်တဲ့ Camera ဒီဇိုင်း ထားသိုမှု ပုံစံကို တည်ဆောက်ထားပါတယ်။ 

ရှေ့ဘက် 16MP Selfie ကင်မရာ နဲ့အတူ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ် နဲ့ လေဆာ Autofocus ပါ 50MP Main Camera ၊ 48MP Ultrawide Lens ၊ 12MP 2zx telephoto camera နဲ့ OIS ရုပ်ငြိမ်စနစ် ၊ 5x optical Zoom ပါ 8MP Periscope Telephoto ကင်မရာတို့ အသုံးပြုထားပါတယ်။ Vivo X Fold ဟာ 4600mAh ဘက်ထရီနဲ့ 66W Fast Charging စနစ် ၊ 50W Wireless Charging Support နဲ့ လာတာပါတယ်။ 



Vivo X Fold မှာ သုံးတဲ့ 66W SuperFast Charger ဟာ ၃၇ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်မှာ ဖြစ်သလို 10W Wireless Charging ပါလို့ ကြိုးမဲ့နားကြပ်နဲ့ စမတ်နာရီတွေကို ကြိုးမဲ့အားသွင်းမှု လုပ်ပေးနိုင်မှာပါ။ အခုတစ်ခေါက် အသစ်ထွက်လာမယ့် Vivo X Fold S ဟာ အရင် Vivo X Fold ကို အဆင့်မြှင့်တင်မှု ၃ ခု လုပ်လာနိုင်ပါတယ်။ ပေါက်ကြားလာတဲ့သတင်းတွေအရ Vivo X Fold S ဟာ ပိုပြီး သွက်လက်အားကောင်းတဲ့ Snapdragon 8 Plus Gen 1 Chipset ၊ 4700mAh ဘက်ထရီ နဲ့ 80W Wired Charging အားသွင်းစနစ်တို့ သုံးလာမယ်လို့ ဆိုပါတယ်။ 


လောလောဆယ် ကြားနေရတဲ့ သတင်းတွေအရ Vivo X Fold S ကို စက်တင်ဘာလထဲ မိတ်ဆက်သွားမယ်လို့ ဖော်ပြနေကြပြီး နေ့ရက်အတိအကျ မသိရသေးပါဘူး။ Vivo X Fold S ရဲ့ဈေးနှုန်းက ဆွဲဆောင်မှုရှိနေမလား နဲ့ နိုင်ငံတကာဈေးကွက်ထဲရော ဝင်ရောက်လာမလားဆိုတာကလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က