၂၀၂၁ ဟာ Foldable Phone တွေရဲ့ နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။
ဒီလဆန်းပိုင်းမှာပဲ MIUI 12 နဲ့လာတဲ့ Xiaomi Foldable ဖုန်းကို မြင်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ကုန်ပိုင်းလောက်မှာ Xiaomi ရဲ့ ခေါက်သိမ်းနိုင်ဖုန်းသစ် ဈေးကွက်ထဲ ရောက်မယ်လို့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ မြေအောက်ရထားပေါ်က Xiaomi ရဲ့ ပထမဆုံး Foldable ဖုန်း ဟာ အကြီးစား Screen နဲ့ လာပြီး အတွင်းဘက်ကို ခေါက်နိုင်တဲ့ ဒီဇိုင်း သုံးထားတာ ဖြစ်ပါတယ်။

Photo: Gizchina
နောက်ထပ် ကြားရတဲ့သတင်းတွေအရ ဒီနှစ်ထဲ Foldable ဖုန်းထုတ်မယ့် ကုမ္ပဏီဟာ Xiaomi တစ်ခုတည်းတင် မဟုတ်ဘဲ တခြား တရုတ် OEMs တွေလည်း ပါမယ်လို့ ဆိုပါတယ်။ နာမည်ကျော် စမတ်ဖုန်း သတင်းဦးသမားတစ်ယောက်ဖြစ်တဲ့ Digital Chat Station ကတော့ Xiaomi နဲ့ အတူ OPPO ၊ Vivo တို့လည်း ကုမ္ပဏီရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် Screen သုံး စမတ်ဖုန်းကို ကြေညာသွားမယ်လို့ ပြောထားပါတယ်။
Prototype မော်ဒယ်ဖြစ်ဖွယ်ရှိတဲ့ မြေအောက်ရထားပေါ်မှ Xiaomi ရဲ့ Foldable ဖုန်းဟာ Galaxy Z Fold ရဲ့ ပတ္တာဒီဇိုင်းနဲ့ လာပါတယ်။ OPPO နဲ့ Vivo တို့ရဲ့ Foldable ဖုန်း ဒီဇိုင်းတော့ လောလောဆယ် မသိရသေးပါဘူး။ သတင်းတွေအရ OPPO ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ Xiaomi Prototype စတိုင် Hinge စနစ် မျိုးပဲ သုံးမယ်လို့ ဆိုပါတယ်။ ဒီတရုတ်ဖုန်းကုမ္ပဏီတွေက ထုတ်မယ့် Foldable ဖုန်းတွေဟာ ဈေးသက်သာမယ်လို့ မျှော်လင့်ရပါတယ်။
ပထမဆုံးဈေးကွက်ဝင် Foldable ဖုန်းထုတ်ခဲ့တဲ့ အဓိက OEMs ကြီးတစ်ခုဖြစ်တဲ့ Samsung ကတော့ ဒီနှစ်ထဲမှာ Foldable ဖုန်း အများဆုံး ထုတ်မယ့်ကုမ္ပဏီအဖြစ် ရှိနေမှာ သေချာပါတယ်။ တောင်ကိုရီးယားကုမ္ပဏီအနေနဲ့ Foldable Display တင်ပို့မှုကိုလည်း ဒီနှစ်ထဲမှာ တိုးမြှင့်သွားဖို့ ရှိပါတယ်။ လောလောဆယ်တော့ ဒီသတင်းအားလုံးကို အတည်ပြုလို့ မရသေးပါဘူး။