တန်ဖိုးနည်းတက်ဘလက်တွေထဲက စိတ်လှုပ်ရှားစရာ ထုတ်ကုန်သစ် ထွက်လာပြီ ဖြစ်ပါတယ်။
အန်းဒရိုက်တက်ဘလက်ဈေးကွက်ထဲ ဒုတိယမြောက် OPPO ထုတ်ကုန်အဖြစ် ဝင်ရောက်လာတဲ့ OPPO Pad Air ဟာ 2000 x 1200px ရုပ်ထွက်ပါ ၁၀.၃၆ လက်မ IPS LCD Display နဲ့ လာပြီး အမိုက်စား Multimedia ခံစားမှုရဖို့ အတွက် Dolby Atmos အသံနည်းပညာသုံး စပီကာ ၄ လုံးတပ်ထားသလို Air ဆိုတဲ့ အတိုင်း ၆.၉ မီလီမီတာ ၊ အလေးချိန် 440g နဲ့ ပေါ့ပါးတဲ့ ဝိတ်ကို သုံးထားပါတယ်။

ဒီဇိုင်းပိုင်းမှာ OPPO Pad ရဲ့ အသွင်ကို ပြန်ယူထားပြီး ကျောဘက်မှာ မတူတဲ့ Textured နဲ့ တောက်ပတဲ့ Dual-Tone ဒီဇိုင်း သုံးလာပါတယ်။ Screen Size ပိုကျစ်လျစ်လာပြီး Refresh Rate ကိုတော့ 60Hz ပဲ သုံးထားပါတယ်။ ဘေးသား အနက်ရောင် Bezel ပါးပါးပါပြီး လေးထောင့်စပ်စပ် ဘောင်ဒီဇိုင်းနဲ့ ကျစ်လျစ်တဲ့ ကိုယ်ထည်သုံးထားပါတယ်။ ဘက်ထရီပါဝါ 7100mAh ဟာ 18W Charging Support ပေးထားပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ ColorOS 12.1 for Pad နဲ့ လာပါတယ်။
OPPO Pad Air ဟာ Qualcomm ရဲ့ Snapdragon 680 chispet နဲ့လာပြီး RAM 4/64GB Storage အပြင် microSD Card ပါ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ Star Silver နဲ့ Fog Grey Color နှစ်ရောင်နဲ့ လာပြီး RAM 4/64GB Storage ကို ၁၂၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းကျော်) ဈေး ၊ RAM 6/128GB မော်ဒယ်ကို ၁၆၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ဈေးတွေ သတ်မှတ်ထားပါတယ်။
တခြား တွဲဖက်အသုံးပြုနိုင်မယ့် Accessories တွေအနေနဲ့ ကီးဘုတ်ကာဗာတစ်ခု ၃၄၉ ယွမ် (မြန်မာငွေ ၁ သိန်းခန့် ) နဲ့ Stylus တစ်ချောင်း ၂၉၉ ယွမ် (မြန်မာငွေ ၈ သောင်းခွဲကျော်) ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။