• 50x zoom ဆွဲနိုင်မယ့် ကင်မရာစနစ်ပါလာဖို့ ရှိတဲ့ Huawei P40 Pro

flagship ဖုန်းတစ်လုံးရဲ့ အကောင်းဆုံးကင်မရာစွမ်းရည်ကို မြင်ရမှာပါ

အကောင်းဆုံးကင်မရာစနစ် ပါလာမယ့်ဖုန်းအဖြစ် Huawei P40 ဖုန်းသစ်တွေကို မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပါ။

အွန်လိုင်းသီးသန့်ပွဲအဖြစ် ကျင်းပသွားမယ့် Huawei ဖုန်းသစ် မိတ်ဆက်ပွဲမတိုင်ခင်မှာ အချက်အလက်တစ်ချို့ကိုတော့ ကြားနေရပြီ ဖြစ်ပါတယ်။ စမတ်ဖုန်းသတင်းသမားတစ်ဦးဖြစ်တဲ့ အစ္စဟန်အဂါဝဲလ်မှ Huawei P40 နဲ့ P40 Pro သစ်တွေရဲ့ အချက်အလက်တွေကို ချပြလိုက်တာ ဖြစ်ပါတယ်။

image


Photo: Global News


Huawei P40 ဟာ တကယ့်ကို ကင်မရာနည်းပညာအပြည့်နဲ့ လာတဲ့ ဖုန်းဖြစ်မယ်လို့ ပေါက်ကြားထားတဲ့ အချက်အလက်တွေက ညွှန်းဆိုထားပါတယ်။ Huawei P40 Pro ဟာ Leica ရဲ့ Ultra Vision Quad Camera ဖြစ်တဲ့ 50MP wide ကင်မရာ ၊ 40MP tele lens ၊ 12MP ultrawide ၊ ToF depth sensor နဲ့ 50x digital zoom ကင်မရာတွေ ပါမယ်လို့ ဆိုပါတယ်။

အဂါဝဲလ်ကတော့ Huawei P40 မှာ သုံးမယ့် tele ကင်မရာဟာ ရိုက်ကူးမယ့် အရာဝတ္ထုကို 50x zoom အထိ အနီးကပ်ဆွဲရိုက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်တစ်ချက်က ဒီဖုန်းဟာ Huawei XD Fusion Engine လို့ခေါ်တဲ့ ဓါတ်ပုံစနစ်ကောင်းမွန်ရေးအတွက် သီးသန့်ထုတ်ထားတဲ့ chip တစ်ခု ပါလာဖို့လည်း ရှိပါတယ်။

Huawei P40 Pro ဟာ မျက်နှာပြင် ၆.၅၈ လက်မ dual punch-hole display နဲ့ လာပြီး 32MP+depth sensor ရှေ့ကင်မရာတွေ သုံးလာမယ်လို့ ဆိုပါတယ်။ ရှေ့ကင်မရာစနစ်မှာ depth sensor ပါလာတာကြောင့် portrait ရိုက်ချက်နဲ့ ဆဲလ်ဖီဆွဲချိန်မှာ ဆွဲဆောင်မှုရှိပြီး ပိုသဘာဝကျတဲ့ depth of field ပြုလုပ်ချက်တွေ လုပ်ဆောင်နိုင်မှာပါ။

Huawei P40 နဲ့ P40 Pro တို့ဟာ ဒီဇိုင်းချင်း ဆင်ပေမယ့် Pro မော်ဒယ်မှာတော့ ဘေးဘောင်လေးဘက်စလုံး ကွေးညွှတ်ထားတဲ့ display ပုံစံ သုံးသွားဖို့ ရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ in-display လက်ဗွေနည်းပညာ ပါဝင်လာပြီး 4200mAh ဘက်ထရီ ၊ 40W wired နဲ့ 27W ဒါမှမဟုတ် 40W wireless charging အားသွင်းစနစ်တွေ ပါဝင်လာမှာပါ။

Photo: Engadget


ဒီနှစ်ထဲ မိတ်ဆက်မယ့် Huawei flagship ဖုန်းတွေဟာ 5G ဖုန်းတွေအဖြစ် မြင်ရဖို့ ရှိပါတယ်။ Huawei P40 နဲ့ P40 Pro တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက IFA Berlin မှာ မိတ်ဆက်သွားတဲ့ Kirin 990 processor ကို သုံးလာဖို့ ရှိပါတယ်။ ဒီ processor ဟာ 5G modem တစ်ခါတည်းပါလာမှာပါ။

အမေရိကန်အစိုးရရဲ့ Entity List စာရင်းမှာ ပါနေတာကြောင့် Huawei P40 နဲ့ Huawei P40 Pro တို့ဟာ ပြီးခဲ့တဲ့လအနည်းငယ်က ထွက်ခဲ့တဲ့ Huawei ထုတ်ကုန်တွေအတိုင်း Google apps နဲ့ services တွေ ပါလာမှာ မဟုတ်ပါဘူး။ Play Store အစား ဒေါ်လာဘီလျံနဲ့ ချီပြီး အကုန်အကျခံရင်းနှီးမြှပ်နှံထားတဲ့ Huawei Mobile Services နဲ့ App Gallery တို့ပဲ ပါလာမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က