နိုင်ဂျီးရီးယားဈေးကွက်ထဲ ကြေညာသွားတာပါ

မြန်မာငွေ ၃ သိန်းဝန်းကျင်တန် တန်ဖိုးသင့် Tecno ဖုန်းကို နိုင်ဂျီးရီးယားဈေးကွက်ထဲ မိတ်ဆက်လိုက်ပါတယ်။ 

Tecno Pova Neo ဟာ အကြီးစား Screen နဲ့ ဧရာမဘက်ထရီဝါသုံး ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက် နှစ်လုံးတွဲကင်မရာ ၊ အမိုက်စား 120Hz Refresh Rate တို့ နဲ့ ထွက်လာတာပါ။ ရှေ့ဘက် Waterdrop Notch ဒီဇိုင်း ကျောဘက် ထောင်လိုက်စတုဂံကင်မရာအိမ်နဲ့လာပြီး Quad-LED Flash တစ်ခုလည်း ပါဝင်ပါတယ်။



Photo: GSMArena


မျက်နှာပြင်ဆိုဒ် ၆.၈ လက်မ LCD Panel ဟာ HD+ Resolution နဲ့ လာပြီး သုံးထားတာ Octa-Core MediaTek Helio P22 Chipset ဖြစ်တယ်လို့ ဆိုပါတယ်။ RAM 4GB ၊ Onboard Storage 64GB ပါရှိပြီး MicroSD Card Slot ထပ်ထည့်ထားလို့ Storage မြှင့်မယ်ဆိုရင်လည်း လွယ်ပါတယ်။ 

ဘက်ထရီပါဝါ 6000mAh အားဖြစ်ပြီး အားသွင်းတာကို USB-C port နဲ့ သွင်းနိုင်မှာပါ။ ဖုန်းဗူးထဲမှာည 18W adapter တစ်ခုလည်း ထည့်ပေးထားပါတယ်။ ရှေ့ဘက် 8MP Selfie ကင်မရာ ၊ ကျောဘက် 13MP + 2MP Portrait ကင်မရာတို့ ပါရှိပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ HiOS 7.6 နဲ့လာပြီး အနက်နဲ့ ၊ အပြာဖျော့ရောင်နှစ်မျိုးနဲ့ ထါက်ထားပါတယ်။ 

ဒီဖုန်းကို နိုင်ဂျီးရီးယားဈေးကွက်မှာ နိုင်ဂျီးရီးယား နိုင်ရာ ၇၂၅၀၀ (မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က