• Google နဲ့ Jio တို့ ပေါင်းပြီး ထုတ်ထားတဲ့ မြန်မာငွေ ၁ သိန်းခွဲတန် စမတ်ဖုန်း

PragatiOS လို့ ခေါ်တဲ့ အန်းဒရိုက်ဗားရှင်းနဲ့ လာတာပါ

တန်ဖိုးနည်းဖုန်းကိုင်ချင်သူတွေအတွက် Google နဲ့ Jio ပေါင်းထုတ်ထားတဲ့ အိန္ဒိယဘက်ဂျက်ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။ 

JioPhone Next နာမည်နဲ့ ဒီဖုန်းကို ဩဂုတ်လကုန်ပိုင်းက ဈေးကွက်ထဲ ရောင်းချမယ်လို့ ယူဆခဲ့တာပါ။ ဇွန်လထဲမှာ ကြေညာခဲ့တဲ့ JioPhone Next မှာ Google ရဲ့ အသံအခြေပြု AI အကူနည်းပညာ Google Assistant ၊ Screen ပေါ်က စာသားတွေကို အလိုအလျောက် အသံထွက်ဖတ်ပြမယ့်စနစ် ၊ ဘာသာပြန်စနစ် နဲ့ စမတ်ကင်မရာတစ်လုံး ပါမယ်လို့ Google CEO ဆွန်ဒါပီချိုင်းက ဆိုပါတယ်။ 

image

Photo: Google India

မျက်နှာပြင် ၅.၄၅ လက်မ JioPhone Next ဟာ 720 x 1440p ရုပ်ထွက်ပါရှိပြီး ဖြုတ်/တပ်နိုင် 3500mAh ဘက်ထရီ ၊ RAM 2GB/32GB storage နဲ့ လာပါတယ်။ Quadcore Snapdragon QM215 processor သုံးပြီး dual SIM LTE support ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ PragatiOS လို့ ခေါ်တဲ့ အန်းဒရိုက်ဗားရှင်းနဲ့ လာပြီး ရူပီး ၆၅၀၀ (မြန်မာငွေ ၁ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

"JioPhone Next ဟာ အိန္ဒိယအတွက် ဒီဇိုင်းထုတ်ထားတဲ့တန်ဖိုးသင့်စမတ်ဖုန်းပါ။ ရည်ရွယ်ချက်က အိန္ဒိယမှာ ရှိတဲ့လူတိုင်း အင်တာနက်က ဖန်တီးပေးတဲ့ အခွင့်အလမ်းတွေကနေ အကျိုးရှိစေဖို့ ဖြစ်ပါတယ်။" လို့ Google CEO က ပြောပါတယ်။ 

"ဒီဖုန်းကို တည်ဆောက်ဖို့ ကျွန်တော်တို့အဖွဲ့တွေဟာ ရှုပ်ထွေးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဒီဇိုင်းစိန်ခေါ်ချက်တွေ အတူတူ လက်တွဲဖြေရှင်းခဲ့ကြတယ်။ ဒီထုတ်ကုန်ကို သန်းနဲ့ချီတဲ့လူတွေ အသုံးပြုပြီး သူတို့ရဲ့ဘဝနဲ့ လူမှုအသိုင်းအဝိုင်းကို ဘယ်လိုပိုကောင်းအောင် လုပ်ဆောင်သွားသလဲဆိုတာ တွေ့ရဖို့ စိတ်လှုပ်ရှားနေပါတယ်။ "

JioPhone Next မော်ဒယ်ကို ဝယ်မယ့် အိန္ဒိယဖောက်သည်တွေဟာ JioMart နဲ့ Jio site တွေမှာ မှာယူနိုင်မယ်လို့ ဆိုပါတယ်။ Jio Platforms ဟာ ဒုတိယသုံးပတ် အသားတင်အမြတ်ငွေ နှစ်အလိုက် ၂၅% မြင့်တက်ပြီး ဒေါ်လာ ၅၀၂ သန်း ရခဲ့တယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က