• Featured

    Pixel 6 ဖုန်းသစ်တွေမှာ USB-C အားသွင်းကြိုးတချို့နဲ့ အားသွင်းမရမှု ဖြစ်နေ

charging brick ပါ သီးသန့် ဝယ်ရမှာပါ။

Google Pixel 6 စီးရီးဖုန်းသစ်တွေရဲ့ နောက်ထပ် ပြဿနာသစ်တွေအကြောင်း ကြားနေရပါတယ်။ 

ပြီးခဲ့တဲ့လထဲမှာ Pixel 6 ဖုန်းသစ်တွေမှာ လက်ဗွေဖွင့်ရနှေးကွေးတဲ့ပြဿနာအကြောင်း လူမှုကွန်ရက်တွေပေါ် ပလူပျံခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ Pixel 6 နဲ့ Pixel 6 Pro ဖုန်းသစ်တွေဟာ တချို့ USB-C အားသွင်းကြိုးနဲ့ Charger တွေကို လက်မခံတဲ့ပြဿနာရှိနေတယ်လို့ အွန်လိုင်းပေါ်မှာ ပြောဆိုနေကြပါတယ်။ 

image

Photo: Gizchina


9to5Google သတင်းမှာတော့ အဖြစ်များတာက အားသွင်းကြိုးအရည်အသွေးနဲ့ ဆိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ အရည်အသွေးနိမ့် Low-Quality ဒါမှမဟုတ် ဝပ်အထွက်နည်းတဲ့ Low-Output Charger တွေနဲ့ Pixel 6 ဖုန်းတွေ အားသွင်းချိန်မှာ အားသွင်းမရတာ များတယ်လို့ ပြောနေကြပါတယ်။ Google ရဲ့ Support Page မှာလည်း Pixel ဖုန်းတွေဟာ တချို့အားသွင်းကြိုးတွေနဲ့ တွဲအလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ 

Low-Quality cable တွေနဲ့ ဖုန်းအားသွင်းခွင့်မပြုတာဟာ ဘက်ထရီထိခိုက်မှုမဖြစ်အောင် ကာကွယ်တဲ့သဘော ဖြစ်ဖို့ ရှိပါတယ်။ တကယ်လို့ အရည်အသွေးနိမ့် Third-party အားသွင်းကြိုးတွေ ၊ အားသွင်းတုံးတွေနဲ့ အားသွင်းမယ်ဆိုရင် ဖုန်းမှာ သတိပေးမက်ဆေ့ မပြသလို အားဝင်နေတဲ့အနေအထားလည်း ဖော်ပြမှာ မဟုတ်ပါဘူး။ တကယ်လို့ အားသွင်းနိုင်မယ်ဆိုရင်တောင် အလွန့်ကို နှေးကွေးတဲ့နှုန်းနဲ့ အားသွင်းနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Google Pixel 6 စီးရီးဟာ Power Delivery (PD) ထောက်ခံချက်ပါ USB-C charging ပစ္စည်းတွေနဲ့တော့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Pixel 6 နဲ့ Pixel 6 Pro တွေဟာ Google ရဲ့ ကိုယ်ပိုင် Charging တုံးနဲ့ အဆင်ပြေပေမယ့် ဗူးထဲမှာ USB-C cable ကြိုးတစ်ချောင်းပဲ ပါတာ ဖြစ်လို့ သီးသန့် ဝယ်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က