• slider ကင်မရာ ၄ လုံးပါ 5G ဗားရှင်း Mi Mix 3 မိတ်ဆက်

RAM 10GB အထိ ပါဝင်ပါတယ်။

၂၀၁၈ နှစ်အကုန်ပိုင်းမှာ စမတ်ဖုန်းချစ်သူတိုင်း မျက်ခုံးလှုပ်ရမယ့် ဖုန်းကို Xiaomi က ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

mi-mix-3-design-1000x555.jpg

Photo: Android Authority

 

အစောပိုင်းမှာကတည်းက Xiaomi ဟာ Mi Mix 3 ကို အထူးခြားဆုံး ဖုန်းအဖြစ် ကြေငြာမယ်ဆိုတာ သတင်းတွေ ပွက်ထနေခဲ့တာ ဖြစ်ပြီး တကယ် မိတ်ဆက်ချိန်မှာလည်း စိတ်လှုပ်ရှားစရာ full-screen flagship မော်ဒယ်အဖြစ် တွေ့ရတာ ဖြစ်ပါတယ်။

တတိယမျိုးဆက် Mi Mix 3 ဟာ Xiaomi ရဲ့ ဘောင်ပျောက်ဖုန်းအသွင်ကို အနီးစပ်ဆုံး ယူလာနိုင်တဲ့ ဖုန်းပါ။ ဒီလိုဖြစ်စေဖို့Xiaomi ဟာ အခုခေတ်စားနေတဲ့ notch ကို မသုံးဘဲ OPPO Find X စတိုင် slider ကင်မရာစနစ်ကို ယူပြီး ရှေ့ကင်မရာကြောင့် ဖုန်း bezel ယူတဲ့ ပုံစံကို ပြောင်းပစ်လိုက်ပါတယ်။

Xiaomi ကတော့ Mi Mix 3 ဟာ မှန်ပြင်နေရာယူမှု ၉၃.၄% ရှိတယ်လို့ဆိုပါတယ်။ ဒါကလည်း အောက်ခြေမှာ chin သေးသေးလေး ကွပ်ထားလို့ဖြစ်ပါတယ်။ စိတ်ချမ်းသာစရာတစ်ခုက ဒီဖုန်းဟာ OLED panel ဖြစ်တဲ့ 1080p ၆.၄ လက်မနဲ့လာပြီး ဒီနှစ် high-end ဆိုတဲ့ အန်းဒရိုက်ဖုန်းတွေနဲ့ယှဉ်နိုင်တဲ့ specs တွေ သုံးသွားတာပါ။

Snapdragon 845 processor ကို သုံးတာက high-end ဖုန်းတွေအတွက် သိပ်မထူးဆန်းတော့ပေမယ့် RAM ပမာဏကို 6GB,8GB နဲ့10GB ဆိုပြီး သုံးမျိုးလာတာ ဖြစ်ပါတယ်။ storage ကိုတော့128GB နဲ့256GB သုံးလာပြီး 3.5mm နားကြပ်ပေါက်မပါတော့သလို memory card လည်း မပါတော့ပါဘူး။

 

ကောင်းတာတစ်ခုက USB Type C port ကနေ fast charging သွင်းနိုင်သလို wireless charging ကိုလည်း 10W စနစ်အထိ ပံ့ပိုးပေးထားတာက အတော်လေးကို လန်းလာပြီ ဖြစ်ပါတယ်။ ဒီထက်ကောင်းတာက Mi Mix 3 ဟာ 5G ဗားရှင်းအဖြစ် ထွက်လာတာပါ။ တစ်ခုရှိတာက 5G ဗားရှင်းကို နောက်နှစ် ပထမသုံးလပတ်မှ ရမှာ ဖြစ်ပြီး ဥရောပဈေးကွက်မှာ စတင်သုံးနိုင်ပြီး ကျန်ဈေးကွက်တွေကတော့ ရမရ မပြောနိုင်သေးပါဘူး။

ကင်မရာစနစ်မှာ ထူးခြားတာက ကျောဘက်ရော ရှေ့မှာပါ dual cameras တွေ နဲ့လာတာပါ။ ကျောဘက်မှာ 12MP+12MP ကင်မရာနှစ်လုံးနဲ့ရှေ့ဘက် 24MP+2MP ကင်မရာ စုစုပေါင်း ကင်မရာ ၄ လ့ုးပါရှိပြီး Sony ရဲ့ image sensor စနစ်တွေ သုံးထားတာ ဖြစ်ပါတယ်။ DxOMark မှာဆို ဒီကင်မရာတွေဟာ ၁၀၃ မှတ်ထိ ရတာကလည်း လေးစားစရာလို့ဆိုနိုင်ပါတယ်။

Mi Mix 3 မှာ စိတ်ဝင်စားစရာတစ်ခုက တရုတ်စကားပြောနိုင်တဲ့ Xiao AI ခလုတ်ပါလာတာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ MIUI 10 ထည့်သွင်းထားတဲ့ Android 9 Pie ၊ တိကျမှုအမြင့်ဆုံး Dual Frequency GPS စနစ် ၊ Quick Charge 4+ ပါတဲ့ 3200 mAh ဘက်ထရီတွေ မြင်ရမှာပါ။

Photo: GSMArena

 

ဈေးနှုန်းကိုတော့ အနိမ့်ဆုံးမော်ဒယ် (RAM 6GB/128GB) ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲ) ၊ RAM 8GB/128GB မော်ဒယ်ကို ၃၅၉၉ ယွမ် (မြန်မာငွေ ၈ သိန်း ၂ သောင်းခန့်) ကနေ အမြင့်ဆုံး 10GB/မော်ဒယ်ကို ၄၉၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းခွဲနီးပါး) ဈေးတွေနဲ့ကျောက်စိမ်းရောင် ၊ နီလာပြာနဲ့အနက်ကာလာ ၃ မျိုးနဲ့ရောင်းချသွားမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က