• သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားပေါ်က ခါးပိုက်နှိုက် ခြောက်ဦးကို ဘုရားဖူးအသွင်ယူရင်းဖမ်းဆီး

အသွင်ယူရင်းဖမ်းဆီးတာဖြစ်တယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားမှာ ခါးပိုက်နှိုက်ခြောက်ဦးကို စီမံချက်နဲ့ ဖမ်းမိရရှိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

43751543_1711155459013714_3730427100872572928_n.jpg 

သီတင်းကျွတ်လပြည့်နေ့မှာ လူအလာများဆုံးေနေရာဖြစ်တဲ့ ရန်ကုန်မြို့က ရွှေတိဂုံဘုရားမှာ ခါးပိုက်နှိုက်ဖမ်းဆီးဖို့အတွက် ဘုရားဖူးအသွင်ယူဆောင်ရွက်နေတဲ့အချိန်မှာ တွံတေးမြို့မှာနေထိုင်တဲ့ အောင်မင်းထွန်း၊ ဇင်သူငြိမ်း၊ စန္ဒာ(ခ)ဌေးဌေးလှိုင်၊ ကြည့်မြင်တိုင်မှာနေထိုင်တဲ့ အောင်သူရ (၁၇) နှစ်၊ သူဇာလွင် (၂၈) နှစ်နဲ့ ဒေါပုံမြို့နယ် မှာနေတဲ့ မြမြဝင်း (၄၃) နှစ်တို့ကို စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ရွှေတိဂုံဘုရားအနောက်ဘက်မုခ်စောင်းတန်းမှာ ဘုရားဖူးလာတဲ့လူတွေဆီက samsung၊ oppo ၊ vivo အမျိုးအစား ဖုန်း ၄လုံးနဲ့ ပိုက်ဆံကျပ် ၁၂၇၀၀ တို့ကို ခါးပိုက်နှိုက်ယူထားတာကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပါတ်သတ်ပြီးတော့ အောင်မင်းထွန်းပါ (၆) ဦးကို ဒဂုံမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပြီးတော့ သက်သေခံပစ္စည်းတွေကိုလည်း ပိုင်ရှင်တွေအနေနဲ့ ဒဂုံမြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရွှေတိဂုံဘုရားမှာ ရက်ကြီးရက်မြတ်တွေမှာ ဘုရားဖူးပြည်သူပေါင်း သိန်းနဲ့ ချီပြီးလာရောက်တာဖြစ်ပြီးတော့ အဆိုပါရက်များအတွင်းမှာ ခါးပိုက်နှိုက် မှုဖြစ်စဉ် တွေဖြစ်ပွားလေ့ရှိတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က