• အလန်းစား ကင်မရာ ၊ အထာကျတဲ့ in-display လက်ဗွေစနစ်နဲ့Vivo V11

၂၀၁၈ အတွက် ခေတ်အမီဆုံး mid-range ဖုန်းတစ်လုံးပါပဲ။

ဖုန်းတစ်လုံးကို အလှဆုံး ဖြစ်စေမယ့် Halo FullView display ဒီဇိုင်း ၊ အမိုက်စား AI Cameras တွေနဲ့in-display fingerprint system တို့က Vivo V11 ကို အပြီးပြည့်စုံဆုံး mid-range ဖုန်းတစ်လုံးအဖြစ် ပုံဖော်ပေးနေပါတယ်။

Vivo_V11_Pro.jpeg

Photo: indiatoday

 

ဖုန်းလောကမှာ in-display fingerprint စနစ်ကို စပြီး သုံးခဲ့တဲ့ Vivo ဟာ ဆန်းသစ်တဲ့ ဒီနည်းပညာကို mid-range V series မှာ ပထမဆုံးအကြိမ်အဖြစ် Vivo V11 ကနေ စတင် မိတ်ဆက်ခဲ့တာပါ။ in-display လက်ဗွေစနစ်ဟာ OLED panel တွေမှာပဲ အလုပ်လုပ်နိုင်တာ ဖြစ်လို့Vivo V11 ရဲ့ ၆.၄၁ လက်မ Super AMOLED display ရုပ်ထွက်ဟာ အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံ ကောင်းမွန်နေမှာပါ။

လုံခြုံရေးအရ အဆင့်အတန်းမြင့်တဲ့ in-display fingerprint scanner ကို သုံးထားတာနဲ့လိုက်ဖက်အောင် ဒီဇိုင်းပိုင်းကိုလည်း Vivo ဟာ အထူးအနုစိတ်ထားပါတယ်။ 3D curved body ဟာ မှန်ကိုယ်ထည်နဲ့ဖွဲ့စည်းထားပြီး ရှေ့ကင်မရာ နေရာပဲ ကွက်ကွက်ကလေး ချန်ထားတဲ့ Halo FullView display ကြောင့် မှန်ပြင်ပြည့် နီးပါး သားနားတဲ့ ဒီဇိုင်းကို ခံစားရမှာပါ။

Vivo ကတော့ ဒီဖုန်းဟာ မှန်ပြင်နေရာယူမှု ၉၁.၂၇% ထိ ရှိတယ်လို့ကြေငြာထားပြီး တကယ် ကိုင်သုံးရာမှာတော့ ဘောင်ရဲ့နေရာဟာ မရှိသလောက်ပဲ ချန်ထားတာ တွေ့ရမှာပါ။ ကင်မရာကို ကြည့်တာနဲ့Vivo V11 ဟာ အဆင့်အတန်းမြင့်မားတဲ့ ကင်မရာအတွေ့အကြုံအတွက် ပြင်ဆင်ထားတာ သိသာနေပါတယ်။

AI Camera အနေနဲ့လာတဲ့ ရှေ့25MP ဆယ်လ်ဖီကင်မရာဟာ ဆယ်လ်ဖီဆွဲချိန်မှာ ပြီးပြည့်စုံတဲ့ ရိုက်ချက်တွေ ရစေဖို့AI Face Shaping စနစ် ၊ AI Face Modelling နည်းပညာတို့သုံးထားတဲ့အပြင် အလင်းအမှောင်အတွက်ပါ အလိုက်သင့် ပြုပြင်ပေးမယ့် AI Selfie Lighting ၊ ဖုန်းကို ဘယ်လိုကိုင်ပြီး ဆယ်လ်ဖီဆွဲရင် အကောင်းဆုံး ဖြစ်မလဲ အကြံပြုပေးမယ့် AI Portrait Frame စနစ်တွေ ပါဝင်နေပါတယ်။

ဒါတွေအပြင် ကင်မရာ frames အများကြီးကို အသေးစိတ်ဖမ်းပြီး အကောင်းဆုံး ပုံထွက်စေဖို့AI Backlight HDR ၊ AI Low Light Mode ၊ AI Scene Recognition မြင်ကွင်းသိ စနစ်တွေပါဝင်ပြီး ကလစ်နှိပ်ရုံနဲ့တင် အကောင်းဆုံး ဆယ်လ်ဖီပုံတွေ ထုတ်နိုင်တော့မှာပါ။ ရှေ့ဘက် 25MP AI Camera ဟာ ဆယ်လ်ဖီဆွဲဖို့အပြင် Face Unlock စနစ်အတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်ကို ကြည့်လိုက်ရင်လည်း 12MP+ 5MP ကင်မရာနှစ်လုံးတွဲ စနစ်ဟာ DSLR ကင်မရာတစ်လုံး နီးပါး အဆင့်အတန်းမြင့်တဲ့ ကင်မရာ ရိုက်ချက်တွေ ရိုက်ကူးနိုင်စေဖို့ဝ.၀၃ စက္ကန့်အတွင်း focus ချိန်နိုင်မယ့် Dual Pixel Autofocus စနစ်တို့ပါလာပါတယ်။

dual cameras စနစ်ထဲက 12MP ကင်မရာဟာ အလင်းအာရုံခံဖို့အတွက် units ပေါင်း ၂၄ သန်း ပါဝင်တဲ့ Dual Pixel sensor တွေ သုံးထားတာ ဖြစ်လို့နေရာတိုင်း အချိန်တိုင်းမှာ အကောင်းဆုံး ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။

performance ပိုင်းမှာ အလတ်တန်းစား processor ဖြစ်တဲ့ 2.0GHz Octa-core Snapdragon 660 chipset နဲ့အတူ RAM 6GB/128GB အထိ သုံးထားလို့ဖုန်း memory အတွက်ရော သုံးရတဲ့ ခံစားမှုပိုင်းအရပါ စိတ်ပူစရာ ရှိမှာ မဟုတ်ပါဘူး။ အားသွင်းချပ်စ် နှစ်ခုနဲ့အားသွင်းတဲ့ ဆားကစ်ပတ်လမ်း နှစ်ခုပါ Dual Engine Fast Charging အမြန်အားသွင်းနည်းပညာကြောင့်လည်း ဖုန်းအားသွင်းရာမှာ သာသာယာယာ ရှိမှာပါ။

Photo: yugatech

 

ပြည်တွင်းဈေးကွက်မှာတော့ Vivo V11 ဟာ Nebula ကာလာနဲ့Starry Night ကာလာနှစ်မျိုးနဲ့ ထွက်ထားပြီး ၅၅၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က