ဒီဇိုင်းပိုင်း ဆန်းသစ်မှုရှိပြီး အကြီးစားဘက်ထရီပါဝါ နဲ့ 45W အမြန်အားသွင်းနည်းပညာ သုံးထားတဲ့ Tecno Pova ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ချ်ဈေးကွက်မှာ မိတ်ဆက်သွားတဲ့ Tecno Pova 4 Pro ဖုန်းသစ်ဟာ ပြိုင်ဘက်တန်ဖိုးသင့် စမတ်ဖုန်းအမှတ်တံဆိပ်တွေကို ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားစရာ Features တွေ အသုံးပြုလာတာ တွေ့ရပါတယ်။ ဒီဖုန်းမှာ AMOLED Display ၊ Dual Speakers ၊ 45W Fast Charging တို့ ပါလာပြီး 6000mAh အကြီးစားဘက်ထရီ သုံးလာပါတယ်။ ကျောဘက်မှာ ဆန်းသစ်တဲ့ ကင်မရာအိမ်သုံးထားပြီး အလင်းပြန် Strip ကြောင်းလေးတွေနဲ့ ဘလောက်ပုံစံ လုပ်ထားပါတယ်။

မျက်နှာပြင်ဆိုဒ် ၆.၆၆ လက်မရှိပြီး FHD+ ရုပ်ထွက်ပါရှိတဲ့ AMOLED Display သုံးပေးထားပါတယ်။ Waterdrop notch ပုံစံနဲ့ လာပြီး 90Hz Refresh Rate ပါရှိပါတယ်။ RAM 8GB နဲ့အတူ Storage 256GB သုံးထားသလို microSD Cards ကနေလည်း Storage ကို ထပ်မြှင့်နိုင်ဦးမှာ ဖြစ်ပါတယ်။ Tecno Pova 4 Pro ကို MediaTek Helio G99 SoC နဲ့ မောင်းနှင်ထားပြီး ဖုန်းအပူကို ထိန်းဖို့ Multilayer Graphite Cooling System တစ်ခုလည်း ထည့်ပေးထားပါတယ်။
ရှေ့ဘက် Waterdrop Notch ထဲမှာ 8MP Selfie ကင်မရာထည့်ပေးထားပြီး LED Flash တစ်လုံးလည်း ပါရှိပါတယ်။ ကျောဘက်မှာ 50MP ကင်မရာနဲ့အတူ AI Sensor တစ်ခုနဲ့ Dual LED Flash တစ်ခုလည်း တွဲဖက်အသုံးပြုထားပါတယ်။ Tecno Pova 4 Pro ဟာ 45W Fast Charging Support ပါ 6000mAh ဘက်ထရီနဲ့ လာပြီး တခြားဖုန်းတွေကို ပြန်အားသွင်းဖို့အတွက် 10W Reverse Charging လည်း ပံ့ပိုးပေးထားပါတယ်။
ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ Dual SIM စနစ် ၊ 4G ၊ dual-band WiFi ၊ Bluetooth ၊ GNSS ၊ NFC နဲ့ UFC Type-C Port တို့လည်း ပါရှိပါတယ်။ 3.5mm headphone jack ၊ z-axis linear vibration motor ၊ ဘေးဘောင်လက်ဗွေဖတ်စနစ် နဲ့ DTS Sound Support ပါ Hi-Res Audio ထောက်ခံချက်ရ စတီရီယိုစပီကာနှစ်လုံးတို့လည်း တပ်ဆင်ပေးထားပါတယ်။ Tecno Pova 4 Pro ဟာ Android 12 ကို အခြေခံထားတဲ့ HiOS နဲ့ လာပြီး Gaming ပိုင်းအတွက် Pather Engine 2.0 နဲ့ Gamae Space 2.0 တို့လို software features တွေလည်း ပါဝင်ပါတယ်။
ဒီဖုန်းကို မီးခိုးမှိုင်းနဲ့ အပြာ နှစ်ရောင်နဲ့ ထွက်ထားပြီး ဘင်္ဂလားဒေ့ချ် ဒါကာ ၂၆၉၉၀ (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။