• 90Hz Display ၊ 7000mAh ဘက်ထရီနဲ့ မြန်မာငွေ ၃ သိန်းကျော်တန် Tecno Pova 3

ဖိလစ်ပိုင်ဈေးကွက်မှာ ဖြန့်ချိလိုက်တာပါ
[Zawgyi Version]

အကြီးစား Screen ၊ ဧရာမဘက်ထရီနဲ့ 50MP သုံးလုံးတွဲကင်မရာသုံး Tecno Pova ဖုန်းကို ဖိလစ်ပိုင်ဈေးကွက်မှာ ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ 

Tecno Pova 3 ဟာ FHD+ ရုပ်ထွက်ပါ ၆.၉ လက်မ 90Hz Display နဲ့လာလို့ Display ကြီးကြီး ကြိုက်သူတွေနဲ့ အဆင်ပြေမှာပါ။ Pova 2 ရဲ့ အဆက် Upgrade လုပ်ထားတဲ့ ထုတ်ကုန်ဖြစ်ပြီး မှန်ပြင်အပေါ်အလယ်တည့်တည့်မှာ Selfie Cutout ထည့်ပေးထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်လက်ဗွေစနစ် ပါရှိပြီး ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာ နဲ့ ဆွဲဆောင်မှုရှိတဲ့ ထောင်လိုက်စင်း ဖက်ရှင်နဲ့ လာပါတယ်။ 


ရှေ့ဘက် punch-hole ကင်မရာပေါက်ထဲမှာ 8MP Selfie ကင်မရာ နဲ့အတူ ကျောဘက် 50MP Main Sensor ၊ 2MP ကင်မရာ နှစ်လုံးတို့ ပါရှိပါတယ်။ Processor ကိုတော့ MediaTek Helio G88 Chipset သုံးထားပြီး RAM4/6GB ၊ MicroSD card ထပ်စိုက်နိုင်မယ့် 64/128GB တို့ ထွက်ထားပါတယ်။ စတီရီယိုစပီကာတွေ တပ်ဆင်ထားပြီး နားကြပ်ပေါက် နဲ့ FM ရေဒီယိုအသံဖမ်းနိုင်မယ့်စနစ်လည်း ပါရှိပါတယ်။ 

အကြီးစား 7000mAh ဘက်ထရီကြောင့် တစ်ခါအားသွင်းထားတာနဲ့ နှစ်ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ တခြားဖုန်းတွေကိုလည်း Reverse Charging နဲ့ အားပြန်သွင်းပေးနိုင်သလို ဘက်ထရီအားခံဖို့အတွက်လည်း Super Power Saving Mode လို လုပ်ဆောင်ချက်တွေ ထည့်ပေးထားပါတယ်။ Reverse Charging အနေနဲ့ တခြားဖုန်းတွေကို 10W နှုန်းနဲ့ အားပြန်သွင်းပေးနိုင်မှာပါ။ Tecno Pova 3 ဟာ 25W အထိ Charging Support ပေးထားပြီး ဖုန်းဗူးထဲမှာတော့ 33W Charger ထည့်ပေးထားပါတယ်။



ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ HiOS နဲ့လာပြီး Electric Blue ၊ Tech Silver နဲ့ Eco Black သုံးရောင်နဲ့ ထွက်ထားပါတယ်။ 4/64GB ဗားရှင်းကို ဖိလစ်ပိုင်ပီဆို ၉၀၀၀ (မြန်မာငွေ ၃ သိန်းကျော်) ဈေး နဲ့ အမြင့်ဆုံး 6/128GB ဗားရှင်းအတွက် ပီဆို ၉၄၀၀ (မြန်မာငွေ ၃ သိန်းခွဲနီးပါး( ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...