• 90Hz Display ၊ Dimensity 700 SoC နဲ့ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိလိုက်တဲ့ Poco M4 5G

အရှေ့တောင်အာရှဈေးကွက်ထဲ ဩဂုတ်လ ၁၈ ရက်နေ့ ရောင်းချသွားမှာပါ

ဒေါ်လာ ၂၀၀ ကျော်တန် တန်ဖိုးသင့် 5G ဖုန်း Pop M4 5G ကို ဥရောပနဲ့ ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ဧပြီလက အိန္ဒိယဈေးကွက်ထဲ ဝင်ရောက်ခဲ့တဲ့ Poco M5 5G ကို အခုတော့ တခြားနိုင်ငံဈေးကွက်တွေမှာပါ တိုးချဲ့ ဖြန့်ချိလာတာ ဖြစ်ပါတယ်။ Poco M4 5G ဟာ ကမ္ဘာ့ဈေးကွက်အတွက် ဝင်ရောက်လာချိန်မှာ ကင်မရာပိုင်း Sensor ဝိတ်လျှော့လာတာ တွေ့ရပါတယ်။ ကျန်တဲ့ Specs တွေ ဖြစ်တဲ့ Chipset နဲ့ Memory တွဲဖက်မှုကတော့ အပြောင်းအလဲ မရှိပါဘူး။ Pooc M4 5G ဟာ Redmi Note 11E ကို ကွဲပြားတဲ့ ကျောဘက်ဒီဇိုင်း နဲ့ Android 12 စနစ်သုံးဖုန်းတစ်လုံးအဖြစ်လည်း မြင်နိုင်ပါတယ်။ 

image


Poco အမှတ်တံဆိပ်တွေထဲမှာ ဒီဖုန်းက ဈေးအသင့်ဆုံး 5G ဖုန်းလို့လည်း ဆိုနိုင်ပါတယ်။ ဘေးဘောင် Flat Edge ၊ ရှေ့ဘက် waterdrop notch ဒီဇိုင်းနဲ့ ကျောဘက် အပြည့်နေရာယူထားတဲ့ အနက်ရောင် Black Panel ပြင်ပေါ်က POCO တံဆိပ်နဲ့ ယှဉ်လျက်သား Dual Camera စနစ်ကို သုံးထားပါတယ်။ ဘတ်ဂျက်ဖုန်းအများစုရဲ့ ထုံးစံအတိုင်း Poco M4 5G ဟာ ပလတ်စတစ်ဘော်ဒီနဲ့လာပြီး Gorilla Glass 3 မှန်အုပ်ထားပါတယ်။ 

IP52 Rating ရေစိုခံပြီး ဖုန်းအလေးချိန် ၂၀၀ ဂရမ် ရှိပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၅၈ လက်မဟာ LCD Display အမျိုးအစား သုံးထားပြီး 2400 x1080p ရုပ်ထွက် ၊ 90Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တို့ ပါရှိပါတယ်။ Processor ကိုတော့ MediaTek ထုတ် Dimensity 700 Chipset နဲ့ မောင်းနှင်ထားပါတယ်။ ဒီ Processor နဲ့အတူ LPDDR4x RAM ၊ UFS 2.2 storage အမျိုးအစားတွေနဲ့ တွဲဖက်ပေးထားပါတယ်။

ကင်မရာပိုင်းမှာ ရှေ့ဘက် Waterdrop Notch ထဲ ဆယ်လ်ဖီနဲ့ ဗွီဒီယိုခေါ်ဆိုမှုတွေ လုပ်ဆောင်နိုင်မယ့် 8MP Shooter တပ်ဆင်ထားပါတယ်။ ကျောဘက် Dual Camera စနစ်ထဲမှာ 50MP Main Sensor နဲ့ 2MP Depth Sensor တို့ ပါရှိပါတယ်။ Poco M4 5G ဟာ 18W Wired Charging ပံ့ပိုးမှုပါတဲ့ 5000mAh ဘက်ထရီနဲ့ လာပြီး ဘေးဘောင်လက်ဗွေနည်းပညာ ၊ IR Blaster ၊ 3.5mm headphone Jack အပြင် Storage မြှင့်နိုင်ဖို့ သီးသန့် microSD Card Slot ပါ ထည့်ပေးထားပါတယ်။ 


ကွန်ရက်ချိတ်ဆက်မှုတွေအနေနဲ့ 5G အပြင် Dual SIM ၊ Dual Band WiFi ၊ Bluetooth 5.1 ၊ GNSS ကမ္ဘာ့တည်နေရာပြ ဂြိုလ်တုစနစ် နဲ့ USB Type-C တို့လည်း ပါဝင်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ MIUI 13 စနစ် သုံးထားပြီး Power Black ၊ Cool Blue နဲ့ POCO Yellow သုံးရောင်နဲ့ ဝယ်ယူနိုင်မှာပါ။ အရှေ့တောင်အာရှဈေးကွက်ထဲ ဩဂုတ်လ ၁၈ ရက်နေ့ ရောင်းချသွားမှာ ဖြစ်ပြီး ဥရောပဈေးကွက်ထဲလည်း ဝင်ရောက်လာဖို့ ရှိပါတယ်။ 

ဥရောပဈေးကွက်ထဲမှာ Poco M4 5G (4GB/64GB) ကို ၂၁၉ ယူရို (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ 6GB/128GB ဗားရှင်းအတွက် ၂၄၉ ယူရို (မြန်မာငွေ ၆ သိန်းခွဲကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က