မနက်ဖြန် ည မလေးရှားစံတော်ချိန် ၈ နာရီမှာ ကစားမှာ ဖြစ်ပြီး အဝေးကွင်း ပရိသတ်တွေအတွက် လက်မှတ်ခွဲတမ်း ၅၀၀၀ အထိ သတ်မှတ် ပေးထားကာ ကုန်သွားပါကလည်း ထပ်မံ ရောင်းချပေးသွားဖို့ ရှိတယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ်က ပြောထားပါတယ်။
Photo - Malaysia Dateline
မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ ၂၀၁၈ ဆူဇူကီး အုပ်စု(က) နောက်ဆုံးပွဲစဉ်ကိုတော့ မနက်ဖြန်မှာ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းအ တွင်း ယှဉ်ပြိုင်ကစားစေမှာပါ။
ဒီပွဲကို လာရောက်အားပေးကြမယ့် အဝေးကွင်း ပရိသတ်တွေအတွက် မလေးရှားဘောလုံးအဖွဲ့ချုပ်က အဝေးကွင်းလက်မှတ် ၅၀၀၀ အထိ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာ ပရိသတ် ၃၀၀၀ ကျော်လောက်က လက်မှတ်ဝယ်ယူထားကြနှင့်ပြီလို့ လက်မှတ် ရောင်းအားစစ်တမ်းအရ သိရပြီး ကျန်ရှိလက်မှတ်တွေကိုလည်း ဆက်လက်ရောင်းချပေးလျက်ရှိပါတယ်။
လက်မှတ် ၅၀၀၀ ကုန်သွားလို့ ထပ်မံ ဝယ်လိုအားရှိပါကလည်း နောက်ထပ် ထပ်မံ ရောင်းချပေးသွားနိုင်ရေး အတွက်ကိုပါ စီစဉ်ပေးထားသေး တယ်လို့ သိရပါသေးတယ်။
မလေးရှားအသင်းကို အားပေးမယ့် အိမ်ကွင်း ပရိသတ်တွေအတွက်လည်း လက်မှတ် ၆ သောင်းကနေ ၇ သောင်းအထိ ရောင်းချပေးသွားနိုင်ဖို့ မလေးရှားအဖွဲ့ချုပ်က မျှော်လင့်နေတယ်လို့ သိရပြီး လက်ရှိအချိန်မှာ ၄၁၀၀၀ ကျော် ရောင်းကုန်နေပြီလို့ သိရပါတယ်။
မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ရဲ့ပွဲစဉ်ကိုတော့ မနက်ဖြန် ညနေ မလေးရှား စံတော်ချိန် ည ၈ နာရီမှာ ကစားမှာ ဖြစ်လို့ မြန်မာစံတော်ချိန် နဲ့ဆိုရင် ညနေ ၆ နာရီခွဲမှာ ကစားမှာ ဖြစ်ပါတယ်။
အခုကစားမယ့်ကွင်းကြီးက မလေးရှားနိုင်ငံရဲ့ အကြီးဆုံးဘောလုံးကွင်းကြီးဖြစ်ပြီး ပရိသတ် စုစုပေါင်း ၈၇၄၁၁ ယောက် ဝင်ဆံံ့တဲ့ ကွင်းကြီး လည်း ဖြစ်ပါတယ်။
Share