• 9th Generation Intel CoreTM i9 Processor နဲ့ကမ္ဘာ့ပထမဆုံး Gaming Laptop တွေကို MSI မိတ်ဆက်

MSI ကနေပြီး ဂိမ်းကစားရာမှာ ပြိုင်ဘက်ကင်း အတွေ့အကြုံတွေကိုခံစားရစေမယ့် နည်းပညာမြင့် Gaming Laptop တွေကိုထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။

Gaming Laptop တွေထုတ်လုပ်ရာမှာ ထိပ်တန်းကဦးဆောင်နေတဲ့ MSI ကနေပြီး ဂိမ်းကစားရာမှာ ပြိုင်ဘက်ကင်း အတွေ့အကြုံတွေကိုခံစားရစေမယ့် နည်းပညာမြင့် Gaming Laptop တွေကိုထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ နောက်ဆုံးပေါ် 9th Generation Intel Core i9 Processor အပြင် Graphic အတွက် NVIDIA GeForce GTX16 Series ကိုပါထည့်သွင်းထားတဲ့ အဲဒီ Laptop တွေဟာ ဂိမ်းသမားတွေအတွက် မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ အတွေ့အကြုံ အသစ်တွေကိုရရှိစေမှာပဲ ဖြစ်ပါတယ်။

ဂိမ်းကစားတဲ့နေရာမှာ speed ကအခရာပါပဲ။ 9th Generation Intel Core i9 Processor နဲ့မိတ်ဆက်လိုက်တဲ့ MSI ရဲ့အခု မော်ဒယ်အသစ်တွေဟာ ယခင်ထွက်ရှိထားတဲ့ မော်ဒယ်လ်တွေထက် လုပ်ဆောင်မှု ၄၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်ပါ တယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ 8-Core processor ကြောင့် အလုပ်အမျိုးမျိုးကိုတစ်ပြိုင်တည်းလုပ်ဆောင်ရာမှာနဲ့ Video Editing လို စက်ရဲ့စွမ်းဆောင်ရည်ကိုမြင့်မြင့်မားမားတောင်းဆိုတဲ့ အလုပ်မျိုးတွေ လုပ်ဆောင်ရာမှာသိသိသာသာကောင်း မွန်တဲ့စွမ်းဆောင်ရည်ကိုခံစားရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီးနောက်ဆုံးပေါ် NVIDIA GeForce GTX16 Series graphic ကလည်း စွမ်းဆောင်ရည်ကို ၅၀ ရာခိုင်နှုန်းအထိမြှင့်တင်ပေးဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းသမားတွေအနေနဲ့ ဂိမ်းကို အထစ်အငေါ့မရှိ ချောချောမွေ့မွေ့ဆော့ကစားနိုင်မယ့်အပြင် မယုံနိုင်လောက်စရာ ရုပ်ထွက်အရည်အသွေးကိုလည်း ခံစား ကြရမှာပါ။

လုံးဝအဆင့်မြှင့်တင်ထားတဲ့ GT , GS , GE , GL, GF မော်ဒယ်လ်အသစ်တွေ

နောက်ဆုံးပေါ် ပရိုဆက်ဆာ၊ ဂရက်ဖစ်တွေနဲ့ MSI ကနေ GT , GS , GE , GL, GF  Series မော်ဒယ်လ်အသစ်တွေကို ဂိမ်းသမားတွေအတွက်မိတ်ဆက်လိုက်တာပါ။

အဆင့်မြင့် Gaming Laptop မော်ဒယ်လ်ဖြစ်တဲ့ GT Titan ဟာ အဆင့်မြင့်လုပ်ဆောင်ချက်တွေနဲ့ ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်တို့ကြောင့် နာမည်ကျော်ပါတယ်။ အခု intel core i9 processor နဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး နောက်ဆုံးပေါ် Graphic တို့ကိုပါထည့်သွင်းလာတာကြောင့် Gamer စစ်စစ်တွေအတွက် အကန့်အသတ်တွေ အားလုံးကိုဖောက်ထွက်ပြီး အမြင့်ဆုံးစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး ဂိမ်းအကြာကြီး ဆော့ပြီးတဲ့အထိ စက်မပူလာရအောင် Cooler Boost Titan အအေးပေးစနစ်ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ ရုပ်ထွက်ကလည်း 4K UHD နဲ့ဖြစ်တာကြောင့် GT Titan ဟာ ဂိမ်းကစားတဲ့နေရာမှာ တကယ့်အပြင်မှာကြုံတွေ့နေရသလို ခံစားမှုမျိုးနဲ့ စီးမျောနိုင်မှာဖြစ်တာကြောင့် ဂိမ်းသမားတွေဝယ်ယူရမယ့် Laptop စာရင်းထဲမှာထိပ်ဆုံးကနေ မဖြစ်မနေထည့်သွင်းထား ရမယ့် Gaming Laptop ပဲ ဖြစ်ပါတယ်။

GS Stealth ကတော့ ဂိမ်းသမားတွေရဲ့ မတူညီတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမြင့်ဆုံး Max-Q ဒီဇိုင်းနဲ့ GeForce RTXTM 2080 ကနေ GTX 16 series အထိ NVIDIA Gaphic အမျိုးမျိုးကိုထည့်သွင်းပေးလေ့ရှိတဲ့ series တစ်ခုပါ။ အခုနောက်ဆုံးပေါ် GS65 မှာ နောက်ဆုံးထွက် processor နဲ့ graphic တို့နဲ့အတူ အကြမ်းစားမြင့်မားလှတဲ့ စွမ်းဆောင်ရည်အပြင် မယုံနိုင်လောက်အောင်ပေါ့ပါးပြီး စတိုင်လ်ကျတဲ့ဒီဇိုင်းနဲ့ပါထွက်ရှိလာပါတယ်။ နောက်ပြီး 240Hz မျက်နှာပြင်နဲ့ gaming frame rate ကိုပါမြှင့်တင်ပေးထားတာကြောင့် လှုပ်ရှားမှုတွေကိုချောချောမွေ့မွေ့မြင်တွေ့ရမှာပါ။

GE Series တွေကတော့ အထင်ကြီးလောက်စရာ ပြေပြစ်လှပတဲ့ဒီဇိုင်းတွေကြောင့် နာမည်ကြီးပါတယ်။ 144 Hz နဲ့ ၁၇.၃ လက်မ နဲ့ ၁၅.၆ လက်မအရွယ်ရှိမျက်နှာပြင်နှစ်မျိုးကို 9th Generation Intel Core i9 Processor ၊ NVIDIA ဂရက်ဖစ် တွေထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် GE75 မှာ MSI ရဲ့ပထမဆုံးအနေနဲ့ Wi Fi 6 စွမ်းဆောင်ရည်ကိုထည့်သွင်း ပေးထားတာကြောင့် အမြန်ဆုံး wireless network speed ရဲ့အားသာချက်ကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ GE Series ဟာ ဒီဇိုင်းလှပမှုအရရော၊ စွမ်းဆောင်ရည်အရပါ ဂိမ်းသမားတွေအကြိုက်တွေ့မယ့် Gaming Laptop series တစ်ခုပါပဲ။

အလွယ်တကူရရှိနိုင်ပြီး အဆင့်မြင့် Gaming လုပ်ဆောင်ချက်တွေပါဝင်တဲ့ Laptop တစ်လုံးရှာနေတယ်ဆိုရင်တော့ GP series က သင့်အတွက်ဖြစ်မှာပါ။ အာကာသစစ်ယာဉ်ပျံဒီဇိုင်းနဲ့ ခပ်မှိုင်းမှိုင်းမီးခိုးရောင်တို့ကြောင့် လူတိုင်းရဲ့ အာရုံစိုက်မှု ကိုချက်ချင်းရရှိစေပါတယ်။ ဒါ့အပြင် GP75 Leopard မှာ SteelSeries ရဲ့ per-key RGB Keyboard ကိုလည်းထည့်သွင်း ပေးထားပါသေးတယ်။ နောက်ဆုံးထွက် Processor နဲ့ Graphic တွေကိုထည့်သွင်းပြီးအဆင့်မြှင့်ထားတဲ့ GP75 Leopard ဟာမျှော်လင့်ထားတာထက်ပိုတဲ့ မှင်သက်စရာလုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေပါဝင်နေပါတယ်။

GL73 နဲ့ GL63 တို့ဟာ ဂိမ်းကစားတဲ့အတွေ့အကြုံကို ဂိမ်းသမားတွေအမြဲတွေးနေတာထက်ပိုပြီး လွယ်လွယ်ကူကူနဲ့ ရရှိစေနိုင်ပါတယ်။ ဒီမော်ဒယ်လ် ၂ မျိုးလုံးက RTX Series ကနေ GTX Series အထိအမျိုးအစားစုံလင်တဲ့ စွမ်းဆောင်ရည်တွေကိုထည့်သွင်းပေးထားပြီး ပုံမှန်အားဖြင့် နောက်ဆုံးပေါ်ဂိမ်းတွေကိုကစားလေ့ရှိသူတွေအတွက် သင့်လျော်ပါတယ်။

IF Design 2019 ဆုရရှိထားတဲ့ GF Thin ဟာတမူထူးတဲ့ aluminum alloy မှာ hair brush အဆင်ဒီဇိုင်းနဲ့ပါ။ အလွယ်တကူသယ်ယူသွားနိုင်မှုကို ဦးစားပေးတဲ့ ဒီမော်ဒယ်လ်ရဲ့ အခုနောက်ဆုံးထွက် GF Thin မော်ဒယ်ဟာသူ့ရှေ့က မော်ဒယ်လ်ထက်တောင်ပိုပြီး ကျစ်လစ်ပေါ့ပါးလာတာကိုတွေ့ရပါတယ်။ ဒါ့အပြင်နောက်ဆုံးထွက် 9th Generation Intel Core i9 Processor ၊ နဲ့ GTX16 Series Graphic တွေကိုထည့်သွင်းအဆင့်မြှင့်တင်ထားတာကြောင့် စွမ်းဆောင်ရည် ကလည်းပိုမိုသာလွန်ကောင်းမွန်လာမှာပြီး ပြေပြစ်လှပတဲ့ဒီဇိုင်းနဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်တွေကိုနှစ်သက်တဲ့ ဂိမ်းသမားတွေအကြိုက်တွေ့မှာ သေချာပါတယ်။

ကဲ...ဒီတော့ နောက်ဆုံးပေါ် 9th Generation Intel Core i9 Processor နဲ့ NVIDIA GeForce GTX16 Series Graphic တွေပါဝင်လာတဲ့ MSI ရဲ့ Gaming Laptop အသစ်တွေနဲ့အတူ ဂိမ်းကစားမှုအတွေ့အကြုံအသစ်တွေကို ကိုယ်တိုင် ခံစားကြည့်လိုက်ပါလို့သာ တိုက်တွန်းလိုက်ချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က