• အန်တိုနီကိုလိုက်ထိန်းရင်း အိုးထရက်ဖို့ဒ်မှာ ဝိညာဥ်လွင့်သွားတဲ့ စပါးဝါရင့်ကစားသမား

ပါရီဆစ်ကို ပညာပေးသွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့စပါးတို့ရဲ့ပွဲမှာ အန်တိုနီကလည်း အသင်းအတွက် ခြေစွမ်းကောင်းပြသခဲ့ပြီး ဂိုးကံခေခဲ့တာကြောင့်သာ ဂိုးမရရှိခဲ့တာပါ။ ပထမပိုင်းမှာ အန်တိုနီရဲ့ ကန်ချက်က တိုင်ထိထွက်ခဲ့သလို လိုရစ်ရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးကိုလည်း လိုရစ်ကပဲ ပြန်လည် ကာကွယ်နိုင်ခဲ့ပါတယ်။

image

ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ဒုတိယပိုင်းမှာ ဖရက်ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာ အန်တိုနီက သူ့ကို လိုက်ထိန်းနေတဲ့ စပါးရဲ့ Wing Back ကစားသမားကြီး ပါရီဆစ်ကိုပါ ဝိညာဥ်လွင့်မတတ်ဖြစ်သွားအောင် လှလှပပ လှည့်စားသွားခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်မှာ ပါရီဆစ်အပြင် ဟို့ချ်ဘာ့ချ်ပါ အန်တိုနီရဲ့နောက်မှာ ကျန်ရစ်ခဲ့ရပါတယ်။



ကွင်းဘေးစည်းတလျှောက် ပါရီဆစ်က ဘောလုံးကိုင်ထားတဲ့ အန်တိုနီကို လိုက်လံဖိအားပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အန်တိုနီက ပိုင်ပိုင်နိုင်နိုင်နဲ့ပဲ ဘောလုံးကို ကိုင်ထားခဲ့ပြီး ဟို့ချ်ဘာ့ချ်ကိုပါ မျှားခေါ်ကာ ပါရီဆစ်ကို နောက်ပြန်လှည့် ကျော်ထွက်ခဲ့တာဖြစ်ပါတယ်။ ပါရီဆစ်ကတော့ အန်တိုနီကို တားဆီးဖို့ ကြိုးစားလိုက်သေးပေမယ့် လဲကျ ကျန်ရစ်ခဲ့ပြီး ပရိသတ်တွေကတော့ အန်တိုနီရဲ့ဒီအကွက်ကို သဘောကျူ ချီးကျူးနေကြပါတယ်။

ပရိသတ်တွေက “အန်တိုနီက ပါရီဆစ်ကို အသာလေး ကင်သွားတာပဲ” “ပါရီဆစ်ကတော့ ခရိုအေးရှားပြန်ရောက်သွားပါပြီ” လို့ အမျိုးမျိုးနောက်ပြောင် မှတ်ချက်ပြုနေကြပါတယ်။ အန်တိုနီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ ပိတ်ခါနီးမှ ယူနိုက်တက်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။

သူဟာ ယူနိုက်တက်အတွက် ပထမဆုံးကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲဆက်တိုက်မှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းသမိုင်းတလျှောက် ဒါမျိုးစွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တန်ဟက်ခ်နဲ့လည်း အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ အန်တိုနီဟာ ယူနိုက်တက်မှာလည်း အချိန်တိုအတွင်း ပုံမှန်ပွဲထွက်ခွင့်တနေရာကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က