• အာဖရိကတိုက်ကလူတွေ ဝိုင်းထိုးတာကို ခံနိုင်ရခြေရှိလာတဲ့ ကလော့ပ်ရဲ့စကားတခွန်း

ကလော့ပ်ရဲ့ပြောစကားအပေါ် ဆီနီဂေါနည်းပြက အကြီးအကျယ်ပေါက်ကွဲနေတာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ လာမယ့် ဇန်နဝါရီမှာကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ မှတ်ချက်တခုကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ လီဗာပူးဟာ ဒီပြိုင်ပွဲအတွက် သူတို့ရဲ့ အဓိက,ကစားသမားတွေဖြစ်တဲ့ ဆာလာ၊ မာနေးနဲ့ နာဘီကီတာတို့ကို လက်ရွေးစင်အသင်းတွေအတွက် စေလွှတ်ပေးရမှာပါ။

image

လိဂ်ပြိုင်ပွဲတွေအတွက် အရေးကြီးတဲ့အချိန်ကာလမှာ ဒီလိုမျိုးလွှတ်ပေးရတဲ့အပေါ် ယာဂင်ကလော့ပ်ကတော့ စိတ်ပျက်နေပြီး အင်တာဗျူးတခုမှာ အာဖရိကဖလားပြိုင်ပွဲကို သေးငယ်တဲ့ ပြိုင်ပွဲတပွဲအဖြစ် သတ်မှတ်ပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

image

အဲ့ဒီအတွက် ပြီးခဲ့တဲ့အပတ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တယောက်က ကလော့ပ်ကို မေးခွန်းထုတ်ခဲ့ပေမယ့် ကလော့ပ်ကတော့ သူ့အနေနဲ့ ဒီလိုမျိုးမကောင်းတဲ့ဘက်ကနေ မရည်ရွယ်ကြောင်း ဖြေရှင်းခဲ့ရပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဆီနီဂေါနည်းပြ အလူဆစ်စီကလည်း ကလော့ပ်ရဲ့ မှတ်ချက်အပေါ် ဒေါသပေါက်ကွဲနေပြီး အာဖရိက,ကစားသမားတွေသာမရှိရင် လီဗာပူးကလည်း ဘာမှ လောက်လောက်လားလားရှိတဲ့ အသင်းမဟုတ်ဘူးလို့ တုံ့ပြန်လာခဲ့ပါတယ်။ အလူဆစ်စီက “ကလော့ပ်က ဘာတွေစဥ်းစားနေတာလဲဗျ”

“ကျနော် ဆီနီဂေါကို နည်းပြနေတယ်၊ လီဗာပူးမှာ ကလော့ပ်အတွက် ကစားပေးနေတဲ့ ကစားသမားတွေကို နည်းပြပေးနေပါတယ်။ ကျနော် လီဗာပူးကို လေးစားမှုထားပါတယ်။ ဒါပေမယ့် အာဖရိကဖလားပြိုင်ပွဲကို အထင်သေးတဲ့ ကလော့ပ်ကိုတော့ မလေးစားနိုင်ပါဘူး”

“အခု သူက အာဖရိကဖလားပြိုင်ပွဲကို သေးငယ်တဲ့ပြိုင်ပွဲလေးတပွဲအဖြစ်တောင် ပြောရဲတဲ့ သတ္တိရှိနေပါတယ်။ အာဖရိကဖလားပြိုင်ပွဲက ယူရိုပြိုင်ပွဲလိုပဲ (၂၄) သင်းဆီ ယှဥ်ပြိုင်ရတာပါ။ သူ့လိုမျိုး ဘယ်သူက တွေးရဲလဲ ပြောပါဦး။ အာဖရိကဖလားမှာ သူ့ လီဗာပူးအတွက် တောက်ပပေးနေတဲ့ ကစားသမားတွေ ကစားနေတာပါ။ ယူရိုပြိုင်ပွဲနဲ့ အာဖရိကဖလားပြိုင်ပွဲက အဆင့်ချင်းအတူတူပါပဲ” လို့ တုံ့ပြန်ပြောကြားလာတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က