• အာဆင်နယ်ဘက်က စွတ်ဖြဲနေတော့ နည်းနည်းလေး ထိတ်လန့်ချင်ယောင်ဆောင်ပြနေတဲ့ ကလော့ပ်

ခြေစွမ်းပြနေတဲ့ အာဆင်နယ်နဲ့ပတ်သက်လို့ ကလော့ပ်က သူ့ရဲ့အမြင်ကို ပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းပိုင်း ကောင်းမွန်နေတာနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။ အာဆင်နယ်ဟာ ရာသီအဖွင့် (၃) ပွဲဆက်တိုက် ရှုံးနိမ့်ပြီး အဆင့် (၂၀) အထိကို ရောက်ရှိသွားခဲ့ဖူးတဲ့ အသင်းတစ်သင်းပါ။

image

ဒါပေမယ့် မန်စီးတီးကို (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးခဲ့တဲ့ပွဲကစလို့ အာဆင်နယ်တို့ အရှုံးဆိုတာ ဘာမှန်းမသိတော့ဘဲ ပရီးမီးယားလိဂ် (၈) ပွဲမှာ (၆) ပွဲနိုင်၊ (၂) ပွဲသရေနဲ့အတူ အခုချိန်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၆) မှတ်သာ ကွာဟပါတော့တယ်။

image

ဒီညမှာလည်း လီဗာပူးကွင်းကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပေမယ့် အာဆင်နယ်ကတော့ လီဗာပူးကို နိုင်မယ်လို့ ယုံကြည်နေပြီး နည်းပြ အာတီတာနဲ့ နောက်ခံလူ တာဗာရက်စ်တို့ကလည်း ဒီအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီးပါပြီ။ ပြိုင်ဘက်နည်းပြ ကလော့ပ်ကလည်း သူ ဒီညရင်ဆိုင်ရမယ့် ပြိုင်ဘက်နဲ့ ပတ်သက်ပြီး အခုလို သုံးသပ်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်က “အာဆင်နယ်ရဲ့ အပြောင်းအလဲတွေအတွက် ကျနော် အံ့အားမသင့်ပါဘူး။ ရာသီအစမှာတင် ခင်ဗျားက ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ရင် အမှတ်ပေးဖလားမှာ ဗိုလ်စွဲမလားဆိုပြီး အမေးခံရမှာပါ။ တကယ်လို့ ခင်ဗျားရှုံးခဲ့ရင်တော့ တန်းဆင်းဇုန်တိုက်ပွဲထဲကို တန်းရောက်တာပဲဗျာ”

“သေချာတာကတော့ အာဆင်နယ်ရဲ့ အရည်အချင်းနဲ့ ရာသီအစမှာ အဲ့ဒီလိုမျိုး တန်းဆင်းဇုန်ထဲ ရောက်နေတာ မဖြစ်သင့်ပါဘူး။ ဒီတော့ သူတို့ အခုလိုပဲ သေချာပေါက် ပြန်လာနိုင်တာပေါ့။ သူတို့ ပြန်လာတဲ့ပုံစံကတော့ ပုံမှန်မဟုတ်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့က အံ့အားသင့်ဖို့ကောင်းတဲ့ ရလဒ်တွေနဲ့အတူ ပုံစံကောင်းတွေ ပြသလာခဲ့လို့ပါ”

“တချို့ တစ်ပွဲ ဒါမှမဟုတ် နှစ်ပွဲလောက်မှာ သူတို့ကံကောင်းခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က သူတို့ကို အကောင်းဆုံး ကစားခဲ့ပြီး အာဆင်နယ်က နောက်ကျဂိုးနဲ့ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေက ဖြစ်လေ့ရှိပါတယ်။ အာဆင်နယ်က ပွဲတွေ အများကြီးနိုင်လာပြီး တကယ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် ကျနော်တို့လည်း တကယ်ကောင်းတဲ့ အသင်းဆိုတာကို လူတွေမမေ့အောင် လုပ်ပြရမှာပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က