• Featured

    မန်ယူ ပရီးမီးယားလိဂ်ဖလား ဘယ်နှလုံးရထားလဲ ပြန်ကြည့်လိုက်ဆိုပြီး ဆွေ့ဆွေ့ခုန်နေတဲ့ နဗီးလ်

ရွိုင်အိုလာရဲ့ စကားကို ဂယ်ရီနဗီးလ်က တုံ့ပြန်လာခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က အေးဂျင့်ရွိုင်အိုလာရဲ့ပြောစကားနဲ့ ပတ်သက်လို့ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ရွိုင်အိုလာဟာ ယူနိုက်တက်ရဲ့ လက်ရှိ ကွင်းလယ်လူ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သလို ယူနိုက်တက်တို့ ခေါ်ချင်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ရဲ့ အေးဂျင့်လည်းဖြစ်ပါတယ်။

image

ဟာလန်းကိုခေါ်ယူဖို့အတွက် ယူနိုက်တက်အပါအဝင် မန်စီးတီးနဲ့ ဥရောပထိပ်တန်းအသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေပေမယ့် ရွိုင်အိုလာကတော့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ကို နှိုင်းယှဥ်ပြီး ဟာလန်းကို မန်စီးတီးပဲ ပို့မယ်ဆိုတဲ့ စကားမျိုးကို ပြောကြားခဲ့တာပါ။

image

အထူးသဖြင့် နောက်ပိုင်းနှစ်တွေမှာ မန်စီးတီးရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားအရေအတွက်နဲ့ ယူနိုက်တက်တို့ အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့တဲ့အပေါ် ရွိုင်အိုလာက ယူနိုက်တက်ကို နှိမ့်ချပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဂယ်ရီနဗီးလ်က ပေါက်ကွဲနေပြီး အခုလိုမျိုး ပြန်လည်တုံ့ပြန်လာခဲ့တာပါ။

ဂယ်ရီနဗီးလ်က “ငါတို့ ဒီနောက်ပိုင်းနှစ်တွေမှာ တလွဲတွေဖြစ်နေတာ သိပါတယ်။ ဒါပေမယ့် ရွိုင်အိုလာက ယူနိုက်တက်ရဖူးသမျှ ပရီးမီးယားလိဂ် ချန်ပီယံဆုတွေအားလုံးကို စကားလေးတခွန်းတည်းနဲ့ လွှင့်ပစ်လိုက်တာပဲ” လို့ သူ့ရဲ့ တွစ်တာကတဆင့် တုံ့ပြန်ခဲ့ပါတယ်။

ဖာဂူဆန် နည်းပြဘဝကနေ အနားယူသွားတဲ့ (၂၀၁၂-၁၃) ဘောလုံးရာသီနောက်ပိုင်း ယူနိုက်တက်တို့ အခုချိန်ထိ ပရီးမီးယားလိဂ် အမှတ်ပေးဖလားနဲ့ ဝေးကွာခဲ့ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့သာ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းသွားနိုင်တဲ့ အသင်းတွေနဲ့ ပတ်သက်လို့ ရွိုင်အိုလာက ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးတို့သာရှိတယ်လို့ ပြောခဲ့သေးတာပါ။

ယူနိုက်တက်ကတော့ ကစားသမားတွေရဲ့ စံပြပုဂ္ဂိုလ် ရော်နယ်ဒို၊ ဂျာမန်ဘောလုံးလောကနဲ့ ရင်းနှီးတဲ့ ရန်းနစ်ဂ်တို့ရဲ့ အရှိန်ကို အသုံးချကာ ဟာလန်းကို ခေါ်ယူချင်နေပေမယ့် ရွိုင်အိုလာရဲ့ ပြောစကားကတော့ ယူနိုက်တက် အသိုင်းအဝိုင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က