• ဟာလန်းကိစ္စအတွက် ယူနိုက်တက်ကို ပေါ်တင်ကြီး နှိမ်ပစ်လိုက်တဲ့ အေးဂျင့်ရွိုင်အိုလာ

နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ပိုရထားတဲ့ မန်စီးတီးကိုပဲ ဟာလန်းကိုပြောင်းခိုင်းမယ်လို့ ရွိုင်အိုလာကဆိုတာပါ။

နာမည်ကျော်အေးဂျင့် ရွိုင်အိုလာက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကစားသမား ဟာလန်း ပြောင်းရွှေ့မယ့် အသင်းနဲ့ ပတ်သက်လို့ အရိပ်အမြွက် ထုတ်ဖော်ပြောကြားလာပါတယ်။ ဟာလန်းအတွက် မန်ချက်စတာမြို့ခံနှစ်သင်းအပါအဝင် ဥရောပထိပ်တန်းအသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေတာပါ။

image

ပြီးခဲ့တဲ့နွေရာသီတည်းက ချဲလ်ဆီးတို့ ဟာလန်းကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ လာမယ့်နွေရာသီမှာတော့ ကစားသမားရဲ့ စာချုပ်လျော်ကြေးက ပေါင် (၆၃) သန်းအထိ တော်တော်လေး လျော့ကျသွားမှာကြောင့် အသင်းကြီးတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားလာပါလိမ့်မယ်။

image

ဒေါ့မွန်ဘက်က ဟာလန်းကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားနေပေမယ့် ရွိုင်အိုလာကတော့ အသင်းသစ်နဲ့ ပတ်သက်လို့ အခုလိုပဲ သွယ်ဝိုက်ပြောကြားခဲ့ပါတယ်။ ရွိုင်အိုလာက “မန်စီတီးက နောက်ပိုင်းနှစ်တွေမှာ အမှတ်ပေးချန်ပီယံဆု (၅) ကြိမ်အထိရရှိခဲ့ပါတယ်။ ဒါက ယူနိုက်တက်ထက် သိသိသာသာ ပိုများတဲ့အရေအတွက်ပါ”

“ကျနော်နဲ့ ဟာလန်းတို့ ဒီအကြောင်းတွေကို စဥ်းစားလာတာ (၂) နှစ်ရှိပါပြီ။ ဟာလန်း ဘယ်အသင်းကို ပြောင်းသင့်လဲဆိုတာအတွက်လည်း ရှင်းလင်းပြတ်သားတဲ့ အစီအစဥ်တွေ ချမှတ်ပြီးသားပါ။ စျေးကွက်ရဲ့ လွှမ်းမိုးမှုကို ကျနော်တို့ခံမှာမဟုတ်ပါဘူး။ ဟာလန်းလို ကစားသမားမျိုးနဲ့ ကျနော်တို့က ပြန်လည်လွှမ်းမိုးနိုင်ပါတယ်”

“ဘောလုံးနဲ့ပတ်သက်ရင် ဒီလိုပါပဲ။ (၂) ရက်လောက်ပွဲကစား၊ ပေါက်ကရတွေ (၅) ရက်လောက်ပြောနဲ့ပေါ့။ ဟာလန်းက နောက်တဆင့်ကို တက်ပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီးတို့လို အသင်းကြီးတွေကို သူသွားနိုင်ပါတယ်။ ဘယ်တော့လဲ? လာမယ့် နွေရာသီဖြစ်ကောင်းဖြစ်နိုင်တာပေါ့”

“ဒါမှမဟုတ်လည်း နောက်နွေရာသီပေါ့။ ဒါပေမယ့် ဒီနွေရာသီမှာတော့ ဟာလန်းအတွက် အသင်းပြောင်းဖို့ ကြီးမားတဲ့အခွင့်အရေးရှိနေပါတယ်” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က